ဇန်နဝါရီ - ၁၂ ( တနင်္လာနေ့ )
အမေရိကန် လော့စ်အိန်ဂျလိစ်တွင်ပြုလပ်နေတဲ့ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ထရပ်ကားတစ်စီးက ဝင်တိုက်ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် ပြီးခဲ့သောလက အီရန်နိုင်ငံမှာ အဓိကရုဏ်းများ တိုးမြင့်ဖြစ်ပွားနေတာကို အမေရိကန်ရောက် အီရန်နိုင်ငံသားတွေက ပြည်တွင်းမှ နိုင်ငံသားတွေနဲ့ တစ်စည်းတစ်လုံးတည်း ရှိတာကို ပြဖို့အတွက် ဝက်စ်ဝုဒ်ရပ်ကွက်မှာ လူစုပြီးဆန္ဒပြပွဲ လုပ်ကြတာပါ။
အဖြူရောင် ယူဟော ထရပ်ကားက လူအုတ်ကြီးရှိရာကို ခေါင်းတည်ပြီး မောင်းနှင်လာလို့ လူများ အော်ဟစ် ပြေးလွှားနေသည့် မြင်ကွင်းကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရပါတယ်။ လူတစ်ဦးကတော့ကားခေါင်းနဲ့ချိတ်ပြီး ပါသွားတာကိုလည်းမြင်ရပါတယ်။
ထရပ်ကားရပ်သွားပြီးနောက်မှာတော့ ဒေါသထွက်နေသော လူအုပ်ကြီးက လေကာမှန်နှင့် ဘေးပြတင်းပေါက်များကို ရိုက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ရဲများဝင်ရောက်မစွက်ဖက်မီ အချို့က ယာဉ်မောင်းအား အလံတိုင်များဖြင့် ရိုက်ရန် ကြိုးစားခဲ့ကြပါတယ်။
လူအုပ်ကြီးက လူတစ်ယောက်ကို ထရပ်ကားပေါ်မှ ဆွဲထုတ်ခဲ့ကြောင်း ဒေသခံ ABCသတင်းဌာနက ဖော်ပြခဲ့ပြီး ရဲများက ၎င်းအား ဖမ်းဆီးထားတယ်လို့တော့ တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ လူအများအပြား ဒဏ်ရာရခဲ့သည်။ အဲ့ဒိထဲကိ ၂ ယောက်ကတော့ ဆေးရုံတက်ရန် ငြင်းဆိုခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။
ထရပ်ကားတွင် “ရှားဘုရင် အလိုမရှိ ၊ ဘုရင်စနစ်အလိုမရှိ၊ အမေရိကန် အီရန်ကို ၁၉၅၃ ကလို မလုပ်နဲ့” အစရှိတဲ့ စာတန်းတွေကို ရေးထားပြီး အီရန်ဝန်ကြီးချုပ် မိုဟာမက်မိုဆပ်ဒက် ကို ဖြုတ်ချခဲ့သော ၁၉၅၃ စီအိုင်အေ ကျောထောက်နောက်ခံပြု အာဏာသိမ်းမှုအား ရည်ညွှန်းတဲ့ အကြောင်းများရေးထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment