ဇန်နဝါရီ - ၁၂ ( တနင်္လာနေ့ )
ယူကရိန်းနိုင်ငံမှာ လည်ပတ်နေတဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တစ်စင်းက ရုရှားတိုက်လေယာဉ် S-300 က စီးချင်းထိုး ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားတပ်မှူးတစ်ဦးက ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရုရှား-၁ ရုပ်သံ အင်တာဗျူးတစ်ခုတွင်၊ အဆိုပါ တပ်မှူးက အမေရိကန်တိုက်လေယာဉ်နဲ့ ရုရှားတိုက်လေယာဉ်တို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ပွဲအကြောင်းကို ပြောပြခဲ့ပါတယ်။ သူ့အပြောအရ နောက်ဆုံးမှာ ရုရှားတိုက်လေယာဉ်က လက်ကျန် ဒုံး ၂ စင်းနဲ့ လက်စသတ်လိုက်နိုင်ကြောင်း ပြောပါတယ်။ ပထမဒုံးက ယူကရိန်း F-16 တောင်ပံကို ထိမိသွားပြီး နောက်ဒုံးက လေယဉ်ကိုယ်ထည်ကို ပျက်စီးသွားစေတာပါ။
“ကျနော်တို့ စခန်းကို F- 16 တစ်စင်း မကဘူး ။ လာလာပစ်နေတယ်ဗျ။ ကျနော့်တို့လက်တုံ့ပြန်ဖို့အတွက် အသေအချာ ဗျူဟာရေးခဲ့ပါတယ်။ သူတို့တွေ F- 16 ဆိုတာ ဖျက်ဆီးလို့ရတဲ့ လေယာဉ်မဟုတ်ဘူးလို့ အမြဲကြွားနေတာဗျ။ အခုတော့ ကျနော်တို့ ယူကရိန်းတွေကို ဖျက်လို့ရတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်” လို့ တပ်မှူး က ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် F- 16 တိုက်လေယာဉ်ကို ဘယ်နေရာ နဲ့ ဘယ်အချိန်မှာ ပစ်ချလိုက်ကြောင်းကိုတော့ ထည့်မပြောသွားပါဘူး။
ယူကရိန်း လေတပ်က F-16 တိုက်လေယာဉ်တွေကို ၂၀၂၄ ဩဂုတ်လ မှာ လက်ခံရရှိထားပါတယ်။ ရုရှားနဲ့ တိုက်ပွဲတွေမှာ ပစ်ချခံနေရာတာ ၄ စီးမြောက်ရှိသွားပါပြီ။ F- 16 တိုက်လေယာဉ်တွေက မော်ဒယ်အဟောင်းဆိုရင် ကန်ဒေါ်လာ သန်း ၃၀ ကနေ သန်း ၄၀ အတွင်းရှိပြီး နောက်ဆုံးမော်ဒယ်တွေကတော့ သန်း ၁၀၀ ကျော်ပါတယ်။
ယူကရိန်းမှာက အနောက်အုပ်စုတွေဆီကနေ တောင်းထားတဲ့ တိုက်လေယာဉ်တွေ ၈၇ စီး မှာ ၄၄ စီး ရောက်နေတယ်လို့ ယူကရိန်း ပြည်တွင်းသတင်းဌာနတစ်ခုက ဆိုပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment