ကျွန်းစု ၊ ဇန်နဝါရီ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အသီးသီး၌ မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများသို့ စိတ်အားထက်သန်စွာ ဆန္ဒမဲပေးရန် စောင့်ဆိုင်းလျက်ရှိကြကာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေး ကြိုးတပ်ဆင်ပြီးနောက် နံနက်(၆)နာရီတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားအခွင့်အရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိသောအခွင့်အရေးကို လက်လွတ်မခံ အမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက် နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ကြသည်။ ကျွန်းစုမြိုနယ်အနေဖြင့် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၃)အုပ်စုတွင် မဲရုံပေါင်း(၉၆)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၉၉၃၆၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ထက်မြင့် (ကျွန်းစု)
https://t.me/MyanmarNationalPost
No comments:
Post a Comment