ဒရုန်းကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမှာ လုံခြုံရေး အရေးပေါ် အစည်အဝေးခေါ်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒရုန်းကိစ္စနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမှာ လုံခြုံရေး အရေးပေါ် အစည်အဝေးခေါ်ယူ


ဇန်နဝါရီ - ၁၂ ( တနင်္လာနေ့ ) 

တောင်ကိုးရီးယားဘက်က စေလွှတ်လိုက်တဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရတယ်လို့ မြောက်ကိုရီးယားဘက် က အခိုင်အမာ ပြောပြီးနောက်မှာတော့ တောင်ကိုရီးယားဘက်မှာ အမျိုးသားလုံခြုံရေးကောင်စီ ရဲ့ အလုပ်အမှုဆောင်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို သမ္မတရုံးက စနေနေ့က ခေါ်ယူလိုက်ပါတယ်။

အစည်းအဝေးကို အမျိုးသားလုံခြုံရေးရုံး၏ ပထမလက်ထောက်ညွှန်ကြားရေးမှူး ကင်ဟွန်ဂျောင် က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သမ္မတရုံးက ယွန်နပ်သတင်းဌာန သို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က တောင်းဆိုမှုတွေကို တာဝန်ရှိသူများက အသေးစိတ် ပြန်လည်သုံးသပ်ပြီး မည်သို့တုံ့ပြန်မည်ကို ဆုံးဖြတ်ရန် စီစဉ်ထားကြောင်း သတင်းဌာနက ဆိုပါတယ်။ 

ဒရုန်းများကို အသုံးပြု၍ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖေါက်မှုက ရန်စတဲ့သဘော သက်ရောက်နေတာမို့လို့ အဲ့ဒိ လုပ်ရပ်အတွက် မြောက်ကိုးရီးယားဘက်က “လက်တုန့်ပြန်မှု ပေးသင့်တယ်”လို့  ပြောဆိုမှုတွေ ရှိနေတာမိုလို့  ပြင်ဆင်သင့်သည်များကိုပြင်ဆင်ထားဖို့ မြောက်ကိုရီးယား ပြည်သူ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်မှုတစ်ခုလုပ်ထားပါတယ်။ တောင်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်များက ၂၀၂၅ ခုနှစ် စက်တင်ဘာလ နဲ့ မနေ့က တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယား လေပိုင်နက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် အခိုင်အမာဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားက ကိုးကားဖော်ပြသည့် နေ့စွဲများတွင် တောင်ကိုရီးယားစစ်တပ်က မည်သည့်ဒရုန်းများမျှ လွှတ်တင်ထား ခြင်းမရှိကြောင်း တောင်ကိုရီးယား အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ သမ္မတ လီဂျေမြောင် က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး သက်ဆိုင်ရာ အေဂျင်စီများက အသေးစိတ် အချက်အလက်များကို စစ်ဆေးနေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 


REF: UPI

#MNP #News #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)