ဇန်နဝါရီ - ၉ ( သောကြာနေ့ )
ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းပေါ်က အယ်လ်ဘေးပြည်နယ်ရှိ မေယွန် မီးတောင်သည် ချော်ရည်များ ဆက်လက်စိမ့်ထွက်နေပြီး ပေါက်ကွဲနိုင်တဲ့အလားအလာ ရှိတာမို့လို့ ဖိလစ်ပိုင်အာဏာပိုင်များက အနီးအနားရွာများမှ မိသားစု ၁,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးတောင်ခြေရင်းရှိ ကျေးရွာပေါင်း ၁၃ ရွာမှ လူ ၃၅၁၆ ဦး ရှိသည့် မိသားစု ၉၆၃ စု ကို သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံခန့်ခွဲမှုရုံးမှ စီစဉ်ပေးထားတဲ ရွှေ့ပြောင်းနေထိုင်သည့် စင်တာများတွင် ခိုလှုံနေစေပါတယ်။ ကနဦးအစီရင်ခံချက်များအရ မိသားစုပေါင်း ၁၀၀၀ နီးပါးတွင် လူပေါင်း ၃,၅၅၅ ဦးခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးပြီ လို့ သိရပါတယ်။
ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံက မေယွန်မီးတောင် ပေါက်ကွဲနိုင်မှု သတိပေးချက်ကိုအဆင့် ၃ သို့ မြှင့်တင်ပြီး သတိပေးထားပါတယ်။ သတိပေးချက် အဆင့် ၃ အောက်တွင် မီးတောင်ရဲ့ အထက်ပိုင်းမှ အလယ်စောင်းအထိ ချော်ရည်များစီးဆင်းနိုင်ခြေ ပိုများလာနေတာဖြစ်ပါတယ်။ ပေါက်ကွဲမှုက ရက်ပိုင်း သို့မဟုတ် သီတင်းပတ်များအတွင်း ဖြစ်ပွားနိုင်ကြောင်း သတိပေးထားပါတယ်။
မေယွန်က ဖိလစ်ပိုင်နိုင်ငံတွင် ပေါက်ကွဲနိုင်ဆုံး မီးတောင်များထဲမှ တစ်ခုဖြစ်ပြီး ဒေသခံအများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရတဲ့ အကြိမ်ရေတွေ မနည်းတော့ပါဘူး။
REF: Vietnam News
#MNP #News


No comments:
Post a Comment