ဇန်နဝါရီ - ၉ ( သောကြာနေ့ )
မနေ့က ဇန်နဝါရီ ၈ ရက်နေ့မှာ ဘန်ကောက်မြို့ လမ်းမတစ်ခုပေါ်တွင် ကောလိပ်ကျောင်းသားအုပ်စု နှစ်စုကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက် နှစ်ဦးနဲ့ အပြစ်မဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဘွန်ကွမ်ခရိုင် နီဒါ သီရိ ထိုင်းလမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ မီးနီတွင် မော်တော်ယဉ်များ ရပ်တန့်နေစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းများ အထိတ်တလန့် ဖြစ်ခဲ့ကြကာ အဆိုပါနေရာ၌ ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ ဘွန်ကွမ်မြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိသူ သုံးဦးကို အတည်ပြုခဲ့ပါတယ်။ ၎င်းတို့ထဲမှ နှစ်ဦးမှာ ဘန်ကောက်မြို့ရှိ မင်ဘူရီဒေသရှိ နည်းပညာကောလိပ်မှ ကျောင်းသားများဖြစ်ပြီး တတိယတစ်ဦးကတော့ အပြစ်မဲ့အမျိုးသမီး အသက် ၄၂ နှစ်အရွယ် ရူဂျီရာပွန် ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ကျောင်းသား ပါဖန်ခွန် ကလည်ပင်းကို သေနတ်မှန်ခဲ့ပြီး အခြားကျောင်းသားတစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ပါရာဖတ် မှာ ကားမှန်ကွဲပြီး ညာဘက်လက်မောင်းတွင် ဒဏ်ရာများရရှိခဲ့ပါတယ်။ ရူဂျီရာပွန်ကတော့ ညာလက်မောင်းတွင် ကျည်ဆန် ထိမှန်ခဲ့ပါတယ်။ ဒဏ်ရာရသူ သုံးဦးစလုံးကို နုပ္ပါးဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ ကားနဲ့ခရီးသွားနေတဲ့ ကျောင်းသား သူငယ်ချင်းငါးဦးနဲ့ ဆိုင်ကယ်နှစ်စီး စီးနင်းလာတဲ့ ပြိုင်ဖက် ကျောင်းသားလေးဦးတို့ လမ်းဆုံတွင် ဆုံတွေ့စဉ် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဖြူရောင် SUV ကားဖြင့် ခရီးသွားနေတဲ့ ရူဂျီရာပွန် ကတော့ ရှေ့ခန်းထိုင်လိုက်နေစဉ် သူမ၏ယာဉ်အား သေနတ် ၃ ချက်ဖြင့် ထိမှန်ခဲ့ပြီး ဘယ်ဘက်တံခါးကို ကျည်ဆန်နှစ်ချက်ထိမှန်ခဲ့ပြီး တတိယအချက်မှာ ပြတင်းပေါက်မှ တစ်ဆင့် သူမလက်မောင်းကို ထိမှန်ခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။
ပါဝင်တဲ့ ကျောင်းသားတွေကို ရဲစခန်းမှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားပါတယ်။ ရဲတပ်ဖွဲ့ဝင်များသည် သံသယရှိ သေနတ်သမားများကို ဖော်ထုတ်ခြေရာခံရန် လုပ်ဆောင်နေပြီး တိုက်ခိုက်မှုနောက်ကွယ်မှ အကြောင်းရင်းအတိအကျကို ဖော်ထုတ်ရန် လုပ်ဆောင်လျက်ရှိပါတယ်။
REF: THAIGER
#MNP #News #International



No comments:
Post a Comment