ကျွန်းစုမြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

 



ကျွန်းစု  ၊ ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ရာ မဲရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် သူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့က မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စီစဉ်ဆောင်ရွက်သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ထုတ်ယူကာ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။

 မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် သွားရောက်တာဝန်ထမ်း‌ဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲပေးစက်ကိုင်များသည် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းတွင် မိမိကြိုက်နှစ်သက်သည့် ကိုယ်စား လှယ်လောင်းကို ဆန္ဒပြုမဲပေးခဲ့ကြပြီး ကြိုတင်မဲပုံးအတွင်းသို့ ထည့်၍ ကြိုတင်မဲပေးခဲ့ကြကာ တာဝန်ကျရာ မဲရုံအသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။


ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)