သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



နေပြည်တော်၊ ဇန်နဝါရီ ၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်များကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် သင်ခန်းစာများနှင့် စိန်ခေါ်မှုများမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲရလဒ်များမှတစ်ဆင့် စီမံကိန်းရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်းပြုစုခြင်း၊ စီမံခန့်ခွဲခြင်းများ တိုးတက်ကောင်းမွန်လာစေရန်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးလုပ်ငန်းများ အားကောင်းလာစေရန်နှင့် စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်း အစီရင်ခံစာကို ပြုစုထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ကြသူများအနေဖြင့် ကဏ္ဍအလိုက် အုပ်စုဖြင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာဝိုင်းဝန်းဆွေးနွေးပြီး ရလဒ်ကောင်းများ ဖော်ထုတ်ပေးကြရန်၊ ဦးစီးဌာနများအနေဖြင့် သတ်မှတ်ထားသော ရည်မှန်းရလဒ်များရရှိရန် သက်ဆိုင် ရာမဟာဗျူဟာ၊ လုပ်ငန်းအစီအစဉ် များအရ လုပ်ငန်းများကို အောင်မြင်အောင် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ကြရန်နှင့် မဟာဗျူဟာစီမံကိန်း၏ ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်အောင်မြင်စေရန် စုပေါင်းအင်အားဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက် တွန်းပြောကြားသည်။

ထို့နောက် လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ ဘဏ္ဍာငွေသုံးစွဲမှုနှင့် လုပ်ငန်းအကောင်အထည်ဖော်မှု၊ စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက MSME ဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာလိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများနှင့် Agrobased Industries၊ AI ၊ EV ၊ Digital နှင့် Economy ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားသင့်ပါကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ရလဒ်၊ အညွှန်းကိန်းများ ပြည့်မီအောင် ဆောင်ရွက်သွားရန် ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကောင်အထည်မဖော်ရသေးသည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ပြီး အကောင်အထည်ဖော်ခြင်း၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းနှင့် အထောက်အထားအခြေပြု အချက်အလက်များမှတစ်ဆင့် မူဝါဒများ၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)