ညောင်ရွှေမြို့နယ် ခေါင်တိုင်အထက၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ရွှေမြို့နယ် ခေါင်တိုင်အထက၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်



ညောင်ရွှေ   ၊ ဇန်နဝါရီ ၇

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ညောင်ရွှေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းက ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲကာလမဲရုံမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအကြောင်းကိုလည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး စောစိုးမိုးက ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သတင်းမှတ်တမ်းရိုက်ကူးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မြသန္တာဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်ခြင်းနှင့်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် မဲရုံအသီးသီးတွင် တာဝန်ကျသည့် စက်ကိုင်ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို တစ်ဦးချင်းလက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)