မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရပ်ကွက်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များနှင့် လိုက်လံ တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရပ်ကွက်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များနှင့် လိုက်လံ တွေ့ဆုံ






မြောက်ဥက္ကလာပ၊ ဇန်နဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း(၃)တွင် ပါ၀င်သည့်အတွက်  ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့  နံနက်ပိုင်းက  မြောက်ဥက္ကလာပမြို့နယ် ရှိ သက်ဆိုင်ရာ ရပ်ကွက်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များနှင့် လိုက်လံ တွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင်  မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး ကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များက မြောက်ဥက္ကလာပမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း(၃)တွင် ပါ၀င်သည့်အတွက် မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးရာတွင် ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်စွာဖြင့်ကျင်းပနိုင်ရေး  ရပ်ကွက်များရှိ မဲရုံများကို ကြိုတင်ပြင်ဆင်ထားရှိမှုများအသင့်အနေအထားအထိ ပြင်ဆင်ထားရန်လိုကြောင်း ၊ ရပ်ကွက်များရှိ သက်ကြီးရွယ်အိုများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စနစ်တကျ ဆောင်ရွက်  စေရေး၊   မဲဆန္ဒရှင်ပြည်သူများမဲရုံများသို့ လာရောက်မဲပေးနိုင်ရေးအတွက် အသိပညာပေး နိုးဆော်မှုများ ၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး Voter Slip များ တစ်အိမ်တက်ဆင်း စနစ်တကျ ဖြန့်ဝေပေး စေလိုကြောင်း ၊ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့်အုပ်ချုပ်မှုကိစ္စရပ်များကိုစနစ်တကျပေါင်းစပ်ညှိနှိုင်း၍ အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး  တက်ရောက်လာသည့် ရပ်ကွက်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်လျက်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို တာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)