တွံတေးမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ




တွံတေး ၊  ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (တွံတေး) ရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က (၁) တွံတေး Grade-11 မှ ကျောင်းသား၊ ကျောင်းသူများက "စုံညီပွဲတော်တို့နွှဲပျော်" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ရဲမှူးမျိုးဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးကိုယ်စား အ.ထ.က (၂) မြို့မတွံတေးကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွှန့်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ပညာရေးစုံညီပွဲတော်" ကျင်းပပြုလုပ်ခြင်းအကြောင်း ရှင်းလင်းခဲ့သည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် နိုင်ငံ့လက်ရွေးစင်ကြက်တောင်၊ လူရည်ချွန်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် အင်္ဂလိပ်စာထူးချွန်၊ သင်္ချာထူးချွန်၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ပုံပြော၊ ယဉ်ကျေးလိမ္မာ၊ ကျပန်စကားပြောပြိုင်ပွဲစသည့် ဉာဏဆုများနှင့် မြို့နယ်ဘောလုံးလက်ရွေးစင်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘောလုံးစသည့် ကာယဆုများနှင့် ဆုရကျောင်းသား၊ ကျောင်းသူ (၁၉၈) ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)