ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် Myan Oil Co.,Ltd တို့ ပူးပေါင်း၍ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် Myan Oil Co.,Ltd တို့ ပူးပေါင်း၍ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်




ကျောက်တန်း  ၊ ဇန်န၀ါရီ ၅


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် Myan Oil Co.,Ltd တို့ ပူးပေါင်း၍ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်၊

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်ုးခန့်အောင်မှ အဖွင့်မိန့်ခွန်းပြောကြားရာ၌ ယခုကဲ့သို့သင်တန်းဖွင့်လှစ်ရခြင်းမှာ မိမိကုမ္ပဏီတွင်လည်းကောင်း မိမိပတ်ဝန်းကျင်တွင်လည်ကောင်း၊ မီးလောင် /မီးလန့်မှုများ ဖြစ်ပေါ်လာပါက သင်ကြားခဲ့သည့် မီးသတ်ပညာစာတွေ့လက်တွေ့များကို အသုံးပြုပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူပေါင်းပါဝင်၍ မီးငြိမ်းသတ်နိုင်ရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျကိုင်တွယ် ထိန်းသိမ်းအသုံးပြုတတ်စေရန်အတွက် စနစ်တကျလက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Myan Oil ကုမ္ပဏီ၏ တာဝန်ခံ ဦးမင်းသူကျော်မှ ယခုကဲ့သို့ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်၍ မီးသတ်ပညာစာတွေ့လက်တွေ့များ သင်ကြားပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်၊

ထိုသင်တန်းတွင် သင်တန်းသား ၃၀ ဦးကို မီးသတ်ပညာစာတွေ့လက်များကို သင်တန်းကာလ ၁၀ ရက် ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

နေလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)