ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများတွက် ကျွမ်းကျင်မှုအတက်ပညာသင်တန်းကို သုံးလကြာဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများတွက် ကျွမ်းကျင်မှုအတက်ပညာသင်တန်းကို သုံးလကြာဖွင့်လှစ်



ထန်းတပင်  ၊ ဇန်နဝါရီ ၅

အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျွမ်းကျင်မှုအတက်ပညာ (Job-Ready Skills) (အခြေခံအီလက်ထရောနစ်နည်းပညာနှင့် မုန့်ဖုတ်) သင်တန်းကို ယနေ့မွန်လွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုန်ထုတ်ဓါတုဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာသင်းသင်းခိုင်နှင့် ရူပဗေဒဌာနပါမောက္ခဌာနမှူး ဒေါက်တာမောင်မောင်ရွှေတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ကျွမ်းကျင်မှုအတက်ပညာ (အခြေခံအီလက်ထရောနစ်နည်းပညာသင်တန်းနှင့် မုန့်ဖုတ်) သင်တန်းကို သုံးလကြာအပတ်စဥ်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းနှင့် စီမံ/ဘဏ္ဍာဌာနမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)