မြောက်ဥက္ကလာပ၊ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့်အဖွဲ့သည် မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် မြောက်ဥက္ကလာပမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများတက်ကြွစွာမဲပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြို့နယ်အတွင်းရပ်ကွက် (၁၉)ခု ၊ မဲရုံ (၁၄၀)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း (၂၀၃၆၁၉) ဦး ရှိရာ ပြည်သူများ ဆန္ဒမဲ လာရောက် ပေးလျက်ရှိသည်။
သက်လွင်စိုး
#MNP #News




No comments:
Post a Comment