ဇန်နဝါရီ - ၂၆ ( တနင်္လာနေ့ )
ဆယ်စုနှစ်တစ်ခုအတွင်း ရွှေသည် တစ်အောင်စလျှင် ဒေါ်လာ ၁,၀၀၀ ဝန်းကျင်မှ ယခုသီတင်းပတ်တွင် ဒေါ်လာ ၄၈၀၀ ကျော်အထိ ထိုးတက်သွားပါတယ်။ ၂၀၂၅ ခုနှစ်တစ်ခုတည်းမှာပဲ ရွှေသည် ၇၀ % နီးပါးတိုးခဲ့ပါတယ်။ အဲ့ဒါက လက်ရှိ ငွေကြေးစနစအတွင်းမှာ နက်နဲသော အရာတစ်ခု ကွဲသွားတာကို ညွှန်ပြနေပါတယ်။
ကျွမ်းကျင်သူတွေကတော့ ရွှေဈေးက ၂၀၂၆ စတုတ္ထသုံးလပတ်အတွင်း တစ်အောင်စကို ဒေါ်လာ ၅၀၀၀ သို့ ရောက်ရှိလာနိုင်ကြောင်းနဲ့ ဒေါ်လာ ၆၀၀၀ လည်း ဖြစ်သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ၂၀၂၆ ရဲ့ ပထမလ ဇန်နဝါရီ အတွင်းမှာပဲ ရွှေဈေးက ထင်ထားတာထက်အများကြီးတက်သွားပြီး စံချိန်တင်ဈေးတွေကို အခါအခါ ရိုက်ချိုးနေပါတယ်။
ရင်းနှီးမြှုပ်နှံသူများကို စိတ်ပျက်စေမည့်အချက်များစွာတွေထဲမှာ ဂျပန်နိုင်ငံရဲ့ မလှုပ်မယှက်ဖြစ်နေတဲ့ ငွေချေးစာချုပ် ဈေးကွက်၊ ပထဝီဝင်နိုင်ငံရေး နောက်ခံအခြေအနေ နဲ့ ကမ္ဘာကြီးကို စုစည်းထားသည့် ချည်နှောင်မှုများက အရှိန်အဟုန်နဲ့ ဖြစ်ပွားနေပါတယ်။ အလွန်အကျွံချေးယူနေတဲ့ ကြွေးမြီတွေနဲ့ လိုငွေပြမှုတွေက ဘဏ္ဍာရေး ငွေကြေးများရဲ့တန်ဖိုးကို ကျဆင်းစေတယ်လို့ ယုံကြည်ရပါတယ်။ အဲ့ဒိယူဆချက်က အမှန်တရားနှင့် နီးစပ်ပါတယ်။ ရွှေဈေးနှုန်းသည် ဆယ်စုနှစ်တစ်ခုအတွင်း လေးပုံတစ်ပုံလောက်တက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို ကျော်လွန်ပြီး နှစ်နှစ်အတွင်းတွင် နှစ်ဆကျော်တက်သွားပါတယ်။
ရွှေဈေးဂရပ် မှာ ဒေါင်လိုက် မြင့်တက်လာခြင်းရဲ့ ပင်မအကြောင်းက ဗဟိုဘဏ်တွေပဲ ဖြစ်ပါတယ်။ ရွှေကို အရန်ငွေကြေးအတွက် ရနိုင်သလောက်စုဆောင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ ပြည်တွင်းသုံး ငွေကြေးဈေးကွက်ကို ခိုင်မာသထက်ခိုင်မာအောင် တည်ဆောက်ဖို့အတွက် အာမခံပေးနိုင်စရာက ရွှေပဲ ဖြစ်နေလို့ဖြစ်ပါတယ်။ မနှစ်က အစောပိုင်းမှာ ဈေးကွက်အတွင်း ဈေးနှုန်းပါဝါပြောင်းလဲမှု ဖြစ်ခဲ့ပါတယ်။ ရွှေဈေးကွက်ကို ယခင်က အနောက်တိုင်းအဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူများ လွှမ်းမိုးထားသော်လည်း၊ မျှော်မှန်းအတိုးနှုန်း အပြောင်းအရွှေ့အတွက် ရွှေအပေါ် လောင်းကြေးထပ်လာကြတဲ့အတွက်ကြောင့် ရွှေဈေး ဘယ်လောက်လဲဆိုတာကို အာရုံမစိုက်နိုင်တော့တဲ့ ဗဟိုဘဏ်တွေက ဈေးကွက်ပေါက်ဈေးကို စိတ်ကြိုက်ချယ်လှယ်တော့တာပဲ ဖြစ်ပါတယ်။
ရွှေကို အဓိက ဝယ်ယူစုဆောင်းနေတာက တရုတ်ဖြစ်ပြီး အိန္ဒိယ၊ တူရကီ၊ ဘရာဇီး နဲ့ ပိုလန်တိုကလည်း လက်မနှေးခဲ့ကြပါဘူး။ ရွှေကို အနောက်အုပ်စုထဲမှာ ပြန်လည် လည်ပတ်နိုင်ဖို့က ပိုလန်တစ်နိုင်တည်း ရှိပါတယ်။ အဲ့လိုပဲ အခြားနိုင်ငံတွေကလည်း ရွှေကို ဝယ်စုထားချင်နေပါတယ်။ ကမ္ဘာ့ရွှေကောင်စီ၏ ၂၀၂၅ခုနှစ် စစ်တမ်းအရ ဗဟိုဘဏ်များ၏ ၉၅ % သည် လာမည့် ၁၂ လအတွင်း ကမ္ဘာ့အရန်ရွှေ တိုးလာမယ်လို့ မျှော်မှန်းထားပါတယ်။
( ဆက်လက်ဖော်ပြပါမည်)
Ref: RT
#MNP #News


No comments:
Post a Comment