သဲဖြူ-မဟာမြိုင်-ချောင်းဖျားတောရ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာနဆရာတော် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်း၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ စက္ခုအလင်းကျန်းမာရေးအလှူတော် ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲဖြူ-မဟာမြိုင်-ချောင်းဖျားတောရ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာနဆရာတော် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်း၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ စက္ခုအလင်းကျန်းမာရေးအလှူတော် ပြုလုပ်



နေပြည်တော်၊ ဇန်နဝါရီ ၇

သဲဖြူ-မဟာမြိုင်-ချောင်းဖျားတောရ ဓမ္မရိပ်သာကြီး ၏ ဦးစီးပဓာနဆရာတော် ဒေါက်တာဘဒ္ဒန္တပညာ ဇောတကကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ သဲဖြူ-မဟာမြိုင်-ချောင်းဖျား တောရဓမ္မရိပ်သာကြီး၏ ဦးစီးပဓာနဆရာတော် ကြွရောက်တော်မူပြီးတိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သဲဖြူ-မဟာမြိုင်-ချောင်းဖျားတောရ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာနဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် ဆရာတော်ကြီးက တိုင်းမှူးနှင့်အတူ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းကြရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ဆရာတော်ကြီးသည် တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါအတွက်ကုသမှုခံယူနေသည့် ပြည်သူများအား စက္ခုအလင်း ကျန်းမာရေးအလှူတော် သွားရောက်လှူဒါန်းပြီး လူနာများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။  


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)