မိုင်းဖြတ်မြို့နယ်၌ ပြည်သူများသို့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှည့်လည်နှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ပြည်သူများသို့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှည့်လည်နှိုးဆော်

 



မိုင်းဖြတ် ၊  ဇန်နဝါရီ ၇


 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ပြည်သူများပူးပေါင်းပါဝင်ရေး လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ ၅ ရက်၊ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ လှည့်လည်အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဝမ်မိုင်၊ ဈေးတန်းရပ်ကွက်၊ ဟိုးနား‌၊ ဝမ်ပုံ၊ နားမွန်း၊ နားလီ၊ ယန်းခမ်း၊ ပါပူးကျေးရွာများသို့ လှည့်လည်၍  မြန်မာ၊ ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသားဘာသာစကားများဖြင့် ရွေးကောက်ပွဲကျင်းပမည့်အခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများမဲရုံများသို့လာရောက်ပါက နိုင်ငံသားစိစစ်‌ရေးကတ်ပြားယူဆောင်လာရေး၊ မဲဆန္ဒရှင်များလိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


သန်းထွန်းအေး(မိုင်းဖြတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)