ပေါင်းတည်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး




ပေါင်းတည်  ၊ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းမဲဆန္ဒရှင်ပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားစိစစ်‌ရေး မပြုလုပ်ရသေးသူများနှင့် ပျက်စီး၊ ပျောက်ဆုံးနိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့စဉ် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ၌ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျက်စီးပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လမ်းညွှန်ချက်များအတိုင်း ပေါင်းတည်မြို့နယ် လဝကရုံး ဝန်ထမ်းများက လိုအပ်သော ပြည်သူများအတွက် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)