ဘားအံ၊ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့နယ် လှာကမြင်မြို့သစ်ရှိ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးကို ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က အမှာစကားပြောကြားရာတွင် နိုင်ငံ့လူဦးရေ၏ (၇၀%) ခန့်ရှိသည့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro – based Industries ) ဖွံ့ဖြိုးတိုးတက်မှုမှပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်မြှင့်တင်ရေးအတွက် ဦးတည်ချက်ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ၊စီမံကိန်းများနှင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပညာရှင် (၃)ဦးတို့က ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#MNP #News

No comments:
Post a Comment