လိပ်ပြာကန်ကျောင်းတိုက်၊ နန္ဒာအောင်မြေကျောင်း ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တ နိမလ ၏ ၂၀၂၆ ခုနှစ်အတွက် နှစ်သစ်မင်္ဂလာဆုတောင်းလွှာ - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်ပြာကန်ကျောင်းတိုက်၊ နန္ဒာအောင်မြေကျောင်း ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တ နိမလ ၏ ၂၀၂၆ ခုနှစ်အတွက် နှစ်သစ်မင်္ဂလာဆုတောင်းလွှာ



ယနေ့ဟာ တစ်ကမ္ဘာလုံးအများသုံးဖြစ်သည့် ခရစ်နှစ် ၂ဝ၂၆ ခုနှစ်၏ နှစ်သစ်မင်္ဂလာ အခါသမယနေ့ ဖြစ်ပါသည်။ ယခု ၂ဝ၂၆ ခုနှစ်၏ နှစ်သစ်မင်္ဂလာ အခါသမယနေ့မှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများအပါအဝင် လူမျိုးဘာသာမရွေး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာ၍၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နှစ်သစ်ဖြစ်ပါစေဟု အထူးမေတ္တာ ပို့သအပ်ပါသည်။


“ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံဝါ၊

သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။

န နော သမံ အတ္ထိ တထာဂတေန၊

ဣဒမ္ပိ ဗုဒ္ဓေရတနံ ပဏီတံ။

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”


ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော အလုံးစုံသော ရတနာသည်ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရားနှင့် တူမျှသော ရတနာသည်မရှိ၊ ဤမြတ်စွာဘုရားသည်သာလျှင် လောကီ ရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော် မူ၏။ ဤသို့ မှန်စွာဆိုရသော သစ္စာစကားကြောင့် တစ်ကမ္ဘာလုံး ချမ်းသာအေးမြစွာဖြင့် ထာဝရ ကမ္ဘာ့ငြိမ်းချမ်းရေးပန်းများ ပွင့်လန်း ဖြာဝေမွှေးကြိုင်လန်းဆန်းနိုင်ပါစေ။


“ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံဝါ၊

သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။

န နော သမံ အတ္ထိ တထာဂတေန၊

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။”


ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည်အစရှိသည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော အလုံးစုံသော ရတနာသည်ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရားတရား တော်နှင့်တူမျှသော ရတနာသည်မရှိ၊ ဤမြတ်စွာဘုရား တရားတော် သည်သာလျှင် လောကီရတနာအဖြာဖြာတို့ထက်ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့ မှန်စွာဆိုရသော သစ္စာစကားကြောင့် တစ်ကမ္ဘာလုံး ချမ်းသာအေးမြစွာဖြင့် ထာဝရကမ္ဘာ့ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းဖြာဝေမွှေးကြိုင်လန်းဆန်းနိုင်ပါစေ။


“ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံဝါ၊

သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။

န နော သမံ အတ္ထိ တထာဂတေန၊

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”


ဤလူ့ပြည်၌လည်းကောင်း၊ နဂါးပြည် ဂဠုန်ပြည် အစရှိသည်၌ လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း နှစ်သက်မြတ်နိုးအပ်သော အလုံးစုံသော ရတနာသည်ရှိ၏။ ထိုရတနာတို့တွင် မြတ်စွာဘုရား တပည့်သား၊ သံဃာတော်များနှင့်တူမျှသော ရတနာသည်မရှိ၊ ဤ မြတ်စွာဘုရား၏ သားတော်သံဃာသည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီးဖြစ်တော်မူ၏။ ဤသို့ မှန်စွာဆိုရသောသစ္စာစကားကြောင့် တစ်ကမ္ဘာလုံး ချမ်းသာ အေးမြစွာဖြင့် ထာဝရကမ္ဘာ့ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းဖြာဝေ မွှေးကြိုင်လန်းဆန်းနိုင်ပါစေဟု နှစ်သစ်ကာလအခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဟု ဆုတောင်း မေတ္တာ အထူး .... ပို့သအပ်ပါသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)