ဗင်နီဇွဲလားကိစ္စ အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗင်နီဇွဲလားကိစ္စ အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲ


ဇန်နဝါရီ - ၂၃ ( သောကြာနေ့ ) 

ဗင်နီဇွဲလားကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရက ကွန်ဂရက်ရဲ့သဘောတူညီချက်မရဘဲ စစ်တပ်အသုံးပြုတာကို တားမြစ်တဲ့အဆိုအား ဒီမိုကရက်တစ်တွေက တင်သွင်းလို့ မနေ့က မဲခွဲဆုံးဖြတ်ရာမှာ ရီပတ်ဘလီကန်တွေက ဆန့်ကျင်ဘက်ပြုခဲ့လို့ ၂၁၅ - ၂၁၅ မဲ နဲ့ အဆိုရှုံးသွားပါတယ်။ 

အဲ့ဒိဆုံးဖြတ်ချက်က စစ်ကြေညာခြင်း မရှိဘဲ ( သို့) ဥပဒေပါသီးခြားအခြေအနေ တစ်ရပ်မရှိဘဲ ဗင်နီဇွဲလားမှာ အမေရိကန်စစ်တပ်ကို အသုံးပြုခြင်းမှဖယ်ရှားရမယ်ဆိုပြီး ထရမ့်အစိုးရကို ညွန်ကြားရမှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကို မိတ်ဆက်ခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ်မှ ဒီမိုကရက်တစ်ပါတီမှ ဂျင်မ်မက်ဂါဗန် က ရီပတ်ဘလီကန်များအား “ရှက်ဖွယ်ကောင်းသော” မဲပေးမှုအတွက် ဝေဖန်ရှုတ်ချခဲ့ပါတယ်။ 

"ဗင်နီဇွဲလားကို မတိုက်ခိုက်ခင် ထရမ့် အစိုးရအဖွဲ့က ကွန်ဂရက်ကို လာမယ်လို့ ပြောထားပါတယ်၊ သူတို့က မလုပ်ခဲ့ပါဘူး။ ဒီနေ့အထိ အိမ်ဖြူတော်က ဘာကြောင့် ကျနော်တို့တပ်တွေကို ဒုက္ခရောက်အောင် လုပ်တယ်ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း အဖြေမပေးနိုင်သေးပါဘူး" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ 

ဗင်နီဇွဲလားတွင် အမေရိကန်တပ်များ စီးနင်းမှုပြုစဉ်အတွင်း စစ်သားများ သေကြေထိခိုက်ဒဏ်ရာရရှိနိုင်တာနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုများကို ရီပတ်ဘလီကန်များက ပယ်ချခဲ့ပါတယ်။ “ဒီမိုကရက်တွေဟာ လက်တွေ့မဆန်ဘဲ ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ အတွေးတွေနဲ့ ကျနော်တို့ကို ထရမ့်အစိုးရကိုတားဖို့ ကျနော်တို့ကို မဲပေးခိုင်တာပါ။ ကျနော်တို့ သိသလောက်ဆိုရင် အမေရိကန်တပ်တွေ ဗင်နီဇွဲလားမြို့တော် ကာရာကတ်ကိုဝင်တော့ ပြန်တိုက်ခိုက်မဲ့ မြေပြင်တင့်ကားတွေမရှိပါဘူး။ သစ်ပင်တွေပေါ်ကနေ ချောင်းပစ်မဲ့ စနိုက်ပါသမားတွေ မရှိပါဘူး” လို့ ဖလော်ရီဒါမှ ရီပတ်ဘလီကန်ပါတီမှ ဘရိန်းမတ်စ်က ပြောသွားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)