တာမွေမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ အိမ်တိုင်ရာရောက် ကွင်းဆင်းပူးပေါင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ အိမ်တိုင်ရာရောက် ကွင်းဆင်းပူးပေါင်းဆောင်ရွက်





တာမွေ၊ ဇန်နဝါရီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် ပြည်သူတစ်ရပ်လုံး မဲပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာပြီး ရွေး‌ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသအဖွဲ့အစည်းများ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို အိမ်တိုင်ရာရောက် (Door to Door) ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ဦးဆောင်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင် ရာဒေသအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် “ ဒို့အတူတူ မဲပေးကြမယ် ” ဆောင်ပုဒ်ပါ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်အတွင်းရှိ ပြည်သူများ လက်ဝယ်အရောက် ရရှိစေရေး အိမ်တိုင်ရာရောက် (Door to Door) လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး အပြည့်အဝ ရရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲစာရင်းတွင် မခြွင်းမချန် ပါဝင်စေရေး၊ မဲစာရင်းတွင် ပါဝင်သင့်၊ ပါဝင် ထိုက်သူများ ပါရှိရေး၊ မပါဝင်သင့်သူများ မပါရှိစေရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက်လည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အိမ်တိုင်ရာရောက် (Door to Door) မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)