မြင်းခြံ၊ ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထားရှိ သည့် မဲရုံများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၂၅ ရက်နံနက် ၆ နာရီက မဲရုံစတင်ဖွင့်လှစ်ကာ ဆန္ဒမဲများပေးလျက်ရှိသည်။
မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်/ကျေးရွာအလိုက် လာရောက်မဲပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာ၌ မဲရုံဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊လေ့လာ စောင့်ကြည့်သူများကလည်း စနစ်တကျဖြစ်အောင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ချစ်ဦးနွေ(မြင်းခြံ)
#MNP #News




No comments:
Post a Comment