ဇန်နဝါရီ - ၂၉ ( ကြာသပတေးနေ့ )
ကမ္ဘာ့ရွှေဈေးက ဗုဒ္ဓဟူးနေ့တွင် ဆက်လက်မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် ဒေါ်လာ ၅၃၀၀ အထက်သို့ ရောက်ရှိသွားပါတယ်။ ပထဝီနိုင်ငံရေး မသေချာမရေရာမှုများနှင့် အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းနေသည့်ကြားတွင် ခိုင်မာသော လုံခြုံရာဝယ်လိုအားကြောင့် လို့ ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။
ဗုဒ္ဓဟူးနေ့တွင် ရွှေစျေးသည် ကန်ဒေါ်လာ ၅၃၁၉ သို့ စံချိန်တင် အမြင့်သို့ ရောက်ခဲ့ပါတယ်။ တိုင်းတာမှုအရ ရွှေစျေးနှုန်းများသည် ယခုနှစ်အစပိုင်းမှစတင်၍ ၂၀% ကျော်တက်ခဲ့တယ်လို့ သိရပါတယ်။ လေ့လာသူများရဲ့အဆိုအရ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ၊ ဗဟိုဘဏ်များဝယ်ယူမှု တိုးမြင့်လာမှု၊ ဗင်နီဇွဲလားတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စစ်ရေးဝင်ရောက်စွက်ဖက်မှုနှင့် ဂရင်းလန်းကို ရယူရန် တွန်းအားပေးမှုတို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ မသေချာ မရေရာမှုများနှင့် စီးပွားရေးဆိုင်ရာ အကြောင်းရင်းများ ပေါင်းစပ်ခြင်းကြောင့်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာကတော့ ယခုသီတင်းပတ်အတွင်း လေးနှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပါတယ်။
စျေးကွက်စောင့်ကြည့်သူများသည် ရွှေအပေါ်တွင် ပိုမိုစိတ်၀င်စားလာကြပါတယ်။ လန်ဒန်ဘူလီယွန်ဈေးကွက် အသင်းရဲ့ ခန့်မှန်းချက်များအရ ရွှေဈးက ဒီနှစ်ထဲမှာ တစ်အောင်စကို ကန်ဒေါ်လာ ၆၀၀၀ ကနေ ၇၀၀၀ အတွင်း ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန် ဗဟိုဘဏ်ကတော့ ဒီနှစ် နွေဦးမှာ ကန်ဒေါ်လာ ၆၀၀၀ အထိတက်မယ်လို့ ခန့်မှန်းထားပါတယ်။
ရုရှားဗဟိုဘဏ်ရဲ့ အစီရင်ခံတင်ပြချက်အရ ဗဟိုဘဏ်ရဲ့ အရန်ရွှေက ဒီနှစ်အစမှာ ၇၄.၈ ထရွိင်အောင်စ သန်း (၂၃၂၆.၅၄ မက်ထရစ်တန်) ရှိခဲ့လို့ ကန်ဒေါ်လာ ၁၉၅.၇ ဘီလီယံကနေ ၃၂၆.၅ ဘီလီယံ ဖြစ်သွားတဲ့ အတွက် ကြီးမားတဲ့ အမြတ်အစွန်း ရလိုက်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment