အီရန်တော်လှန်ရေးအစောင့်တပ်အား အကြမ်းဖက်အဖွဲ့ သတ်မှတ်ရေး အီးယူမှာ အခြေအတင်ဖြစ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်တော်လှန်ရေးအစောင့်တပ်အား အကြမ်းဖက်အဖွဲ့ သတ်မှတ်ရေး အီးယူမှာ အခြေအတင်ဖြစ်နေ



ဇန်နဝါရီ - ၂၉ ( ကြာသပတေးနေ့ ) 

ဥရောပသမဂ္ဂ ( အီးယူ )  နိုင်ငံခြားရေးဝန်ကြီးများသည် အီရန်နိုင်ငံရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ရာအတွက် အခြေအတင် ဆွေးနွေးရန် စီစဉ်ထားပါတယ်။ အဲ့ဒိကိစ္စက အချိန်အတော်ကြာ ဆွေးနွေးပြီး အကြိမ်ကြိမ် ရပ်တန့်သွားရတဲ့ အကြောင်းက အဆိုပြုချက်ကို ဆုံးဖြတ်မယ့် အဓိက အဖွဲ့ဝင်နိုင်ငံ အများအပြားက နိုင်ငံခြားရေးဝန်ကြီးတွေ  ရာထူးအပြောင်းအလဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ 

အဲ့ဒိအဆိုကို ယခင်က ပြင်သစ်၊ အီတလီနှင့် စပိန်တို့အပါအဝင် နိုင်ငံများက ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အီရန်စစ်တပ်ရဲ့ တရားဝင်ဌာနခွဲဖြစ်သည့် IRGC ကို အမည်ပျက် စာရင်းသွင်းခြင်း က အီရန်နဲ့  အရေးကြီးတဲ့ သံတမန်လမ်းကြောင်းများကို ဖြတ်တောက်လိုက်သလို ဖြစ်သွားတဲ့ အပြင် ဥရောပအကျိုးစီးပွားများကို အီရန်က လက်တုံ့ပြန်မဲ့ အစီအမံများကို လှုံ့ဆော်လိုက်သလို ဖြစ်သွားနိုင်တယ်လို့ စောဒကတက်ခဲ့ကြပါတယ်။ 

မနေ့ကတော့ ပေါ်လက်တီကို နဲ့ ယူရိုနယူးစ် သတင်းဌာနတို့ရဲ့ သံတမန်သတင်းရင်းမြစ်များအရ ၎င်းတို့ရဲ့ ခုခံမှုမှာ ယခုအခါ ပျော့ပျောင်းလာပြီလို့ ဖော်ပြခဲ့ကြပါတယ်။ ပြင်သစ် နဲ့ စပိန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အဆိုပါ လုပ်ရပ်ကို ထောက်ခံရန် ဆန္ဒရှိကြောင်း အီရန်ပြည်တွင်း ဆန္ဒပြပွဲများအပေါ် ဖြိုခွင်းမှုနှင့် ရုရှားကို ၎င်း၏ စစ်ရေးအရ ပံ့ပိုးမှုတို့ကို ကိုးကားပြီး အဆိုပါ လုပ်ရပ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။ အီတလီကလည်း ယခု သီတင်းပတ်အစောပိုင်းတွင် ၎င်းရဲ့ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ကြောင်းလည်း သိရပါတယ်။ 

အဲ့ဒိအပြောင်းအလဲက ဒီနေ့ ပြုလုပ်မယ့် အီးယူနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဖွဲ့ဝင် ၂၇ နိုင်ငံကြား လိုအပ်တဲ့ တညီတညွတ်တည်းမဲကို ရရှိရန် ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အီရန် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများကိုလည်း အတည်ပြုရန် မျှော်လင့်ထားပါတယ်။ 

အကယ်၍ အတည်ပြုပြီးပါက အီးယူက IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်ကြေငြာထားတဲ့ အမေရိကန်၊ အစ္စရေး၊ ကနေဒါ၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျနှင့် ဘာရိန်းတို့ နဲ့အတူ ပါဝင်သွားမှာ ဖြစ်ပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)