တရားမဝင်လာထောက်ပံ့နေတဲ့ အဖွဲ့ ၃၀ ကျော်ကို အစ္စရေးက ပိတ်ပင်ဖို့ စီစဉ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားမဝင်လာထောက်ပံ့နေတဲ့ အဖွဲ့ ၃၀ ကျော်ကို အစ္စရေးက ပိတ်ပင်ဖို့ စီစဉ်နေ



ဇန်နဝါရီ - ၂ ( သောကြာနေ့ ) 

အစ္စရေးသည် ၎င်းတို့သိမ်းထားတဲ့ နယ်မြေတွင်းက ပါလက်စတိုင်းတွေကို ဝန်ထမ်းများနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို မဖော်ပြဘဲ ဂါဇာတွင် အကူအညီပေးနေတဲ့ အဖွဲ့အစည်း ၃၇ ဖွဲ့ကို လာမည့်သီတင်းပတ်မှ စတင်၍ ပိတ်ပင်ရန် စီစဉ်နေကြောင်း ဒေသတွင်း  သတင်းစာတစ်စောင်က ဗုဒ္ဓဟူးနေ့တွင် ရေးသားဖော်ပြခဲ့ပါတယ်။ 

အဆိုပါစာရင်းတွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့၊ အောက်စ်ဖမ်း နဲ့ နော်ဝေဒုက္ခသည်ကောင်စီတို့ ပါဝင်ကြောင်း သတင်းရင်းမြစ်များအရ သိရပါတယ်။ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့မှ ဝေဖန်မှုများ မြင့်တက်နေပေမဲ့ သတင်းဖော်ပြပါ အစီအစဉ်က ထွက်ပေါ်လာနိုင်တယ်လို့ မီဒီယာများက ရေးသားဖော်ပြနေပါတယ်။ 

အစ္စရေးအာဏာပိုင်များအနေနဲ့ ဘယ်အဖွဲ့မဆိုရဲ့ လျှောက်လွှာကိုမဆို ဘယ်တော့မှပြည့်စုံမှာ မဟုတ်ဘူး လို့ အောက်စ်ဖမ်း ရဲ့ မူဝါဒရေးရာဦးဆောင်သူ က ဆိုပါတယ်။ “အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမား ၅၀၀ ကျော် သေဆုံးမှုအပေါ် အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်” လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 

“အစ္စရေးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကို နှစ်အတန်ကြာ ဂုဏ်သိက္ခာမဲ့အောင် လုပ်ဖို့ လှုံ့ဆော်မှုတစ်ရပ်ကို လုပ်ဆောင်နေပါတယ်။ ဂါဇာမှာရှိတဲ့ မိသားစုတွေအတွက်၊ ဒါက ပြုပြင်မှုတွေ နှေးကွေးတာ၊ ထောက်ပံ့မှုတွေ လျှော့ချတာ၊ အခြေခံဝန်ဆောင်မှုတွေအတွက် ပိုကြာကြာ စောင့်ဆိုင်းရတာပဲ ရှိပါတယ်” လို့ ခါလီဒီ က ဆိုပါတယ်။  

“ဒါဟာ ကျမတို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်ဖြစ်လို့ တားမြစ်ပိတ်ပင်ထားပေမယ့် ဂါဇာမှာ ဆက်လက်ပြီး အလုပ်လုပ်သွားမှာပါ။ ဒါက ကျမတို့ရဲ့ လုပ်ပိုင်ခွင့်ပါပဲ” လို့ သူမက ပြောကြားခဲ့ပါတယ်။ NGO များအတွက် အစ္စရေးပေးထားတဲ့ နောက်ဆုံးရက်က ၂၀၂၅ ဒီဇင်ဘာ ၃၁  သန်းခေါင်ယံအချိန်ထိပဲ ဖြစ်ပြီး နှစ်ဆန်းတာနဲ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ 


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)