ရန်ကုန်၊ ဇန်နဝါရီ ၂
၂၀၂၆ - ခုနှစ် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSMEစျေးရောင်းပွဲတော်နှင့်တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊UMFCCI နှင့် ညီနောင်အသင်းများမှတာဝန် ရှိသူများ၊ စက်မှုဇုန်အသီးသီးမှတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ၊ MSME ထုတ်ကုန်များ ပြသရောင်းချပွဲမျာကို (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလမှ(၂၀၂၅)ခုနှစ်၊ နိုဝင်ဘာလအထိ ဈေး ရောင်းပွဲတော်များကို (၁၇)ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအပြင် ကချင်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှလည်း လာရောက်ပါဝင်ပြသရောင်းချခဲ့ကြတဲ့အတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်အချင်းချင်းလုပ်ငန်းများလည်း ချိတ်ဆက်ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော်တွင်လည်း MSMEလုပ်ငန်းရှင်များအတွက်နိုင်ငံတော်အစိုးရမှဆောင်ရွက်ပေးလျက်ရှိသော အခြေအနေများကို သိရှိနိုင်စေရန်Talk Show အစီအစဉ်များ ပါဝင်ပါကြောင်းနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများလည်း ပါဝင်ပြီး ဆိုင်ခန်းပေါင်း (၃၅၀)ခန်းကျော်ဖြင့် ဖွင့်လှစ် ရောင်းချသွားမှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေနဲ့ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့် နှစ်သစ်ကို ကြိုဆိုပြီးဂီတဖျော် ဖြေမှုကို ကြည့်ရှုခံစားရင်းထုတ် ကုန်ပစ္စည်းများကိုဈေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကိုကောင်းသောယှဉ်ပြိုင်ဆောင် ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပ တင်ပို့နိုင်သည့် အမယ်သစ် အရည်အသွေးကောင်းထုတ်ကုန်ပစ္စည်းများဖြစ်ပေါ်စေပြီး MSME လုပ်ငန်းများမှာလည်းပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့ကိုပါရည်မျှော်ရှေ့ရှုလျက် စီမံဆောင်ရွက်ထားရှိတဲ့ ပွဲတော်ကြီးဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ထို့နောက်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်MSMEစျေးရောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီးဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးစီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်များမှဥက္ကဌများကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ဘင်ခရာအဖွဲ့များ ၊ ပန်းပွားအဖွဲ့များကဖျော်ဖြေတင်ဆက်မှုကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည်ရူ့အားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တက်ရောက်ကြလာသည်ဧည့်သည်တော်များကဈေးဆိုင်ခန်းများအားလှည့်လည် ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး၏ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော် နှင့် ဂီတပွဲတော်အား ယနေ့ဇန်နဝါရီ လ (၁)ရက်နေ့မှ (၄)ရက်နေ့အထိနေ့စဉ်နံနက်(၈)နာရီမှ ည(၁ဝ) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News










No comments:
Post a Comment