ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး









နေပြည်တော်၊ ဇန်နဝါရီ  ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံ တိုင်းရင်း သား ပြည်သူများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဆိုင်ရာအချက် အလက်များ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ဒေသဝမ်းစာ ဖူလုံမှုအခြေအနေများ၊သီးနှံများစိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက် နှုန်းများအတိုင်းထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ဆီထွက်သီးနှံများ စိုက် ပျိုး ထုတ်လုပ်လျက်ရှိမှုနှင့် တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ တောင်သူများအားအသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိမှုနှင့် မျိုးစေ့နှင့်ဓာတ်မြေ ဩဇာများထောက်ပံ့ပေးအပ်ခဲ့မှု၊ ကော်ဖီ၊ လက်ဖက်၊ ရော်ဘာများ တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်မှု၊ သီးထပ်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကုန်းမြင့်လယ်ယာ မြေများ ဖော်ထုတ်ပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တိရစ္ဆာန် အစာများအား ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်ကြမ်းများဖြင့် ထုတ်လုပ်၍ ဖြန့်ဖြူးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ ရောင်းချပေးလျက်ရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန် သွယ်မှုများ မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်စေရေးဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေအား လျှပ်စစ်စက်ရုံများမှလျှပ်စစ်ဓာတ်အားများထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိမှု၊ အကြောင်း အမျိုးမျိုးကြောင့်ယာယီပိတ်ထားရသည့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပြီးကျောင်း သား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ အားကစား ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရွေးကောက်ပွဲအပိုင်း(၁)နှင့် (၂)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများက ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံ-တောင်ကြီး လမ်းတို့ကို ပြည်ထောင်စုလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ပေးစေလိုမှု၊ လွယ်မွေ အပန်းဖြေတောင်စခန်းမြို့၌ ပန်းပွဲတော်ကျင်းပခဲ့မှုနှင့် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ချယ်ရီပင် ၁၄၀၀၀ ပင်ခန့်အား စိုက်ပျိုးပြီးစီးမှု၊ နိုင်ငံ တော်ယာယီသမ္မတအနေဖြင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဖွံဖြိုးတိုးတက်ရေးအတွ က် စဉ်ဆက်မပြတ် လာရောက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်ပေးခဲ့သည့်အတွက် ဒေသအတွင်း တစ်ကြိမ်ထက်တစ်ကြိမ် သိသိသာသာဖွံဖြိုးတိုးတက်လာမှုအားတွေ့မြင်ရပြီး ဒေသခံများအနေဖြင့်လည်း ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိမှု၊ ကျိုင်းတုံမြို့၊ နမ့်လပ် ချောင်းရေကြီးရေလျှံမှုလျော့ပါးစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ရပ်ကွက်(၃)နှင့်(၄) တို့အတွင်းရှိ လမ်းများ စနစ်တကျကောင်းမွန်စေရေး ဆောင်ရွက်ပေးစေလိုမှု၊ တာချီ လိတ်မြို့၌ ရေကြီးရေလျှံမှုများနှစ်စဉ်ကြုံတွေ့ရလျက်ရှိမှုအား နိုင်ငံတော်မှဖြေရှင်း ဆောင်ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ပညာရေးပိုင်းဆိုင်ရာတွင် သင် ကြားရေးဆရာ၊ ဆရာမများ လိုအပ်ချက်ပြည့်မီ အောင်ဖြည့်ဆည်းဆောင်ရွက်ပေးစေ လိုမှုနှင့် အခြားဒေသဆိုင်ရာလိုအပ်ချက်များကို အသီးသီးတင်ပြကြသည်။


ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ကျိုင်းတုံ-တောင်ကြီး သွားကားလမ်းနှင့် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့်ပတ်သက်၍ အချို့နေရာများတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ မှုများရှိခဲ့ပြီး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ကားလမ်း များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအားဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်အတွင်းရှိ ကားလမ်းများတွင် သွားလာသည့် ယာဉ်အစီးအရေများအလိုက် လမ်းများအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆရာ၊ ဆရာမများ လိုအပ် ချက်နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ဆရာ၊ ဆရာမများ မွေးထုတ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ဖြည့်ဆည်းခန့်အပ်ပေးရန်စီမံဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ MSME ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်မှရင်းနှီးမတည်ငွေများထုတ် ချေးပေးထားမှု၊ ဒေသအလိုက်ထွက်ရှိသည့် MSME ထုတ်ကုန်များအား ပြည်ပနိုင်ငံများ သို့တင်ပို့ရောင်းချလျက်ရှိမှု၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များကျင်းပ ဆောင်ရွက်ပေးလျက် ရှိမှု၊ အရည်အသွေးပြည့်မီသည့် MSME ကုန်ထုတ်လုပ်မှုများဖြစ်စေရေးအတွက် သင် တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံ တတ်ကျွမ်းသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေး အလေးထား ဆောင်ရွက်လျက်ရှိမှု၊ Polytechnic University များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုတို့ နှင့်ပတ်သက်၍ အသီးသီးပြန်လည်ရှင်းလင်းပြောကြားကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် က မြို့မိမြို့ဖများ၏တင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြော ကြားသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်များအား ထမ်းဆောင်ခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်(၂)တို့ကျင်းပချိန်တွင် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် တိုင်းရင်းသား ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာပေးနိုင် ရေး မိမိတို့အနေဖြင့်ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေအနေများအရ နိုင်ငံ့တာဝန်များကို တရားဥပဒေနှင့်အညီထမ်းဆောင်နေရခြင်းဖြစ်ပြီး ပါတီစုံဒီမို ကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေး မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကျင်းပသည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲဖြစ်စေရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ဒီမိုကရေစီတွင် မဲမသမာမှုသည် အလွန်အကျည်းတန်အရုပ်ဆိုးသည့် ကိစ္စရပ် ကြီးတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အမဲစက်တစ်ခုအဖြစ်ကျန်ရှိနေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုစဉ်က တာဝန်ရှိသည့်အစိုးရကို မဲစာရင်းများကြီးမားစွာ ကွဲလွဲနေမှု အား ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင် ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်း အဓမ္မ ရယူရန်ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ် ကြေညာခဲ့ပြီး လက်ရှိအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချထားပြီး အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း။

အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ရယူခဲ့ရစဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်း အချို့ အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှုများကြောင့် အခက်အခဲအကြပ် အတည်းများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ပြင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ် ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ထို့ပြင် ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ငလျင် လှုပ်ခတ်မှုများ စသည့်သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကြပ်အတည်းပေါင်းစုံများအကြားမှ သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း။


စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

မိမိတို့အစိုးရတာဝန်ယူဆောင်ရွက်ချိန်တွင် အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမှာ မိမိတို့အစိုးရတာဝန်မယူမီယခင်အစိုးရလက်ထက်ကတည်းက ကုန်သွယ် မှုလိုငွေများရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အဓိကစီးပွားရေးဖြစ်သည့် ပြည်တွင်းစိုက်ပျိုး မွေးမြူရေးလုပ်ငန်း လုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခဲ့ရာ ပိတ်ဆို့မှုများအကြားမှ ထိုက်သင့်သလောက်တိုးတက် မှုရှိလာခဲ့ကြောင်း၊ ထို့ပြင်နိုင်ငံ့စီးပွားရေးတိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ကုန်သွယ်မှုလိုငွေမှာ ယခင်အနုတ်လက္ခဏာပြနေရာမှ အပေါင်း လက္ခဏာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း။

မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက် လျော့နည်းလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်နေခြင်းပင်ဖြစ်သည် ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏ GDP များတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် တာဝန်ယူချိန်ကာလအတွင်းနိုင်ငံတော်မှပေးဆပ်ရန် ကျန်ရှိနေ သည့် ပြည်ပချေးငွေများကိုလည်း ပြန်လည်ပေးဆပ်နေရကြောင်း၊ ကုန်ထုတ်လုပ်မှုများ မရှိပါက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်သဖြင့် မိမိတို့အနေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏စီးပွားရေးတက်စေလိုပါက အမှန်တကယ်လုပ်လုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီ အောင်ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုများ များစွာလျော့ကျလာမည်ဖြစ်ပြီး နိုင်ငံ ၏ စီးပွားရေးသည်လည်း တက်လာမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းသည်လည်း တိုင်းပြည် အတွက် နစ်နာမှုပင်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများသည် ပြည်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည်ဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူဦးရေ ၁ သန်းခန့်ရှိပြီး ဒေသတွင်း စားရေးဖူလုံမှုကို ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်းလိုအပ်ချက်နှင့် ထုတ် လုပ်မှု မျှတမှုမရှိပါက ကုန်ဈေးနှုန်းများကြီးမြင့်မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသ၏လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို စဉ်ဆက် မပြတ် တွက်ချက်နေရန်လိုကြောင်း၊ ဒေသအကျိုးကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံ့ဝန် ထမ်းများဖြစ်ကြရန်လိုကြောင်း၊ ဒေသတွင်းနေထိုင်ကြသူများ စားရေးကို သက်သာစွာ ဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံစွာ ထုတ်လုပ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး

ထိုကဲ့သို့ဆောင်ရွက်ပေးနိုင်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်း များ မဖြစ်မနေရရှိရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တန်းစဉ်ကူး ပြောင်းမှုများ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးတွင် ကျောင်းနေ ရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးကို မဖြစ်မနေမြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊အတန်းပညာများရှိမှသာလျင် အတတ်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အတတ်ပညာများမရှိပါက စီးပွားရေးအရဖွံ့ဖြိုးတိုး တက်မှုကို ဖော်ဆောင်နိုင်ရန် ခက်ခဲကြပ်တည်းနေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးမွေးမြူရေးကို အဓိကထားလုပ်ဆောင်ကြသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုး ရေးမွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ အများအပြားပေါ်ထွက် လာစေရေးနိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းရယ်၊ သီပေါဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာ အများအပြားကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သမ္မာအာဇီဝမကျသည့်နည်းလမ်းများဖြင့် ပိုက်ဆံရှာနေကြ ခြင်းပင်ဖြစ်ကြောင်း၊ လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေသည့် မူးယစ်ဆေး ဝါးထုတ်လုပ်သည့်လုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း၊ မိမိတို့နေထိုင်သည့်လူမှု ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေကြခြင်းကို ခွင့်ပြုထားကြသည်မှာ အသိပညာ အား နည်းခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသားဒေသများ၌ ဘာသာစကားအခက်အခဲ များရှိသဖြင့် ပညာရေးအားနည်းချက်များဖြစ်ပေါ်စေလျက်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရကြောင်း၊ မြို့မိမြို့ဖများ၏ တင်ပြချက်များတွင်ပါဝင်သည့်

သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမ များလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပတ်သက်၍ ပညာရေးဝန်ထမ်းလိုအပ်ချက်များဖြစ်ပေါ်နေမှုအား ဖြည့်ဆည်းပေးနိုင် ရေး စနစ်တကျဖြင့်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ အဆင့်အလိုက် ပညာရေး ဝန်ထမ်းလိုအပ်ချက်များအား တတ်နိုင်သမျှဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံတော်မှလည်း ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမိစေရေး မိမိ တို့အနေဖြင့် ဦးစွာ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလမ်းညွှန်မှာကြားချက်များ အပြင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားထုတ်ကုန်များ တိုး မြှင့် ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဖြစ်ထွန်းနိုင်သည့် လုပ်ငန်းများအနေဖြင့် ရာဘာလုပ်ငန်း၊ ကော်ဖီလုပ် ငန်း၊ လက်ဖက်လုပ်ငန်းနှင့်ဒေသထွက် အိမ်မိုးအုတ်ကြွပ်ပြားလုပ်ငန်းများဖြစ်ကြောင်း၊ ရာဘာစိုက်ပျိုးခြင်းကို အောင်မြင်အောင်ဆောင်ရွက်၍ ရာဘာကိုအခြေခံသည့် ဒေသ နှင့် ပြည်တွင်းလိုအပ်ချက် ရာဘာထုတ်ကုန်များထုတ်လုပ်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုး တိုးတက်မှုကို များစွာအကျိုးဖြစ်စေနိုင်ဖြစ်ကြောင်း၊ ကော်ဖီသီးနှံ၊ လက်ဖက်သီးနှံ တို့ကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ကြောင်း၊ ဒေသတွင်းယခင်ကတည်း ကရှိပြီးဖြစ်သည့် အိမ်မိုးသည့်အုတ်ကြွပ်များကိုအဆင့်မီထုတ်လုပ်နိုင်ရေး စက်မှုဝန်ကြီး ဌာန၊သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့နှင့်ပူးပေါင်းဆောင်ရွက်သွားနိုင် ကြောင်း၊ ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများသည်လည်း တိုး တက်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ခွင့်အလမ်းများလည်း ပိုမိုဖြစ်ပေါ်လာ မည် ဖြစ်ပြီး ဒေသ၏လူမှုစီးပွားဘဝသည်လည်း များစွာပြောင်း လဲတိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တစ်ခုလုံးနှင့်ဆိုင်သည့်အတွက် ဝိုင်းဝန်းတိုက်တွန်းပြော ကြားသွားကြရန်လိုကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးချင်း တစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းလုပ်ကိုင်သည့် သမဝါယမစနစ်ဖြင့်လည်း ဆောင် ရွက်နိုင်ကြောင်း၊ လုပ်ငန်းတူပေါ်တွင် စိတ်တူကိုယ်တူ အစုအဖွဲ့ဖြင့် လုပ်ကိုင်မည် ဆိုပါက နိုင်ငံတော်မှလည်း လိုအပ်သည့်ရင်းနှီးမတည်ငွေများ အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

အချုပ်အားဖြင့်ဆိုရမည်ဆိုပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ ဆာင်သွားမည်ဖြစ် ပေးထားသည့်ကတိများအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်သွ ကြောင်း၊ မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ် ဖြစ်မနေအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ပည ပညာရေးကို ဆက်လက်အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတ တက်ရေး အတွက်လည်း ဒေသတွင်နေထိုင်ကြသူများ၊ တာဝန်ထမ်းဆောင်နေကြသူများအားလုံး က ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်းဖွံ့ဖြိုး တိုးတက်မှုမှတဆင့် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြော ကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ သည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ် ဆက်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ် ငန်းများမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင် စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)