အမေရိကန်က ရေနံတင် သင်္ဘောတွေကို လိုက်ဖမ်းတာ ၅ စီးတောင်ရှိသွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က ရေနံတင် သင်္ဘောတွေကို လိုက်ဖမ်းတာ ၅ စီးတောင်ရှိသွားပြီ

 


ဇန်နဝါရီ - ၁၀ ( စနေနေ့ ) 

ကာရေဘီယံပင်လယ်တွင် နောက်ထပ် ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်က သိမ်းဆည်းရမိကြောင်း ကြေညာခဲ့ပြီး အဆိုပါ လှုပ်ရှားမှုသည် “တရားမ၀င်လုပ်ဆောင်မှုများကို အဆုံးသတ်ရန်နှင့် အနောက်ကမ္ဘာခြမ်းရှိ လုံခြုံရေးကို ပြန်လည်တည်ဆောက်ရန်” ရည်ရွယ်သည့် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အိုလီနာ ရေနံတင်သင်္ဘောက သောကြာနေ့ နံနက်အစောပိုင်းတွင်  တီမောလက်စ်တီအလံကို လွှင့်ထူကာ ဗင်နီဇွဲလားမှ ထွက်ခွာလာကြောင်း အမေရိကန်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

"တောင်ဘက်တိုင်း စစ်ပွဲစစ်ဆင်ရေးဌာနသည် တရားမဝင်လုပ်ဆောင်မှုများကို အဆုံးသတ်ကာ အနောက်ကမ္ဘာခြမ်းတွင် လုံခြုံရေးပြန်လည်ထူထောင်ခြင်းဖြင့် ကျနော်တို့ရဲ့ဇာတိမြေကို ကာကွယ်ရန် လက်ရှိလုပ်နေတဲ့ မစ်ရှင်တွေကို မယိမ်းမယိုင်ထမ်းဆောင်နေပါတယ်"လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန်စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုဖိုင်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ရေနံတင်သင်္ဘောရဲ့ အထက်မှာ ပျံဝဲနေတဲ့ ရဟတ်ယာဉ်ပေါ်ကနေ ဆင်းသက်လာတာကို တွေ့ရပါတယ်။ ထို့နောက် စစ်မှုထမ်းများသည် သင်္ဘော ပဲ့ထိန်းခန်းကို ဦးတည်သွားနေတာကို တွေ့ရပါတယ်။ 

အိုလီနာက အမေရိကန်စစ်တပ် ဖမ်းဆီးရမိထားတဲ့ ၅ စင်းမြောက်ရေနံတင်သင်္ဘောဖြစ်ပါတယ်။ ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်စစ်တပ်က ဗင်နီဇွဲလားနဲ့ ပတ်သက်နေတဲ့ ရေနံတင်သင်္ဘာတွေဖြစ်တဲ့  ဆိုဖီယာ နဲ့ မာရီနီးယား တို့ကို ဖမ်းဆီးပြီး အမေရိကန်ဆီကို ခုတ်မောင်းယူသွားခဲ့ပါတယ်။ 

မာရီနီးယား ရေနံတင်သင်္ဘောကို အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာနှောင်းပိုင်းကတည်းက လိုက်ရှာခဲ့ပြီးဖမ်းခဲ့တာပါ။  သင်္ဘောအမှုထမ်းတွေက အမေရိကန် စစ်သားတွေကို သင်္ဘောပေါ်တက်ခွင့်မပြုခဲ့ ပေမဲ့လည်း နောက်ဆုံးမှာတော့ အဖမ်းခံလိုက်ရပါတယ်။

ဗုဒ္ဓဟူးနေ့က စကော့တလန် အနောက်မြောက်ပိုင်း နိုင်ငံတကာရေပိုင်နက်မှာ ယူကေနဲ့ အမေရိကန်တို့ပေါင်းပြီး  အကြီးစားစစ်ဆင်ရေးတစ်ခုလုပ်ကာ ရုရှားရေနံတင်သင်္ဘောကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ မော်စကိုကတော့ အဆိုပါ သင်္ဘောအား ဖမ်းဆီးလိုက်ခြင်းက နိုင်ငံတကာ ရေကြောင်းစည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်းအဖြစ် ရှုတ်ချခဲ့ပါတယ်။


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)