G7 က BRICS ကို မဆန့်ကျင်ပါဘူးလို့ ပြင်သစ်သမ္မတ ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

G7 က BRICS ကို မဆန့်ကျင်ပါဘူးလို့ ပြင်သစ်သမ္မတ ပြော


ဇန်နဝါရီ - ၁၀ ( စနေနေ့ ) 

ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံ (G7) သည် ဘရာဇီး၊ တရုတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ ရုရှား၊ တောင်အာဖရိက နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု ဆယ်နိုင်ငံတို ပါဝင်တဲ့ အစိုးရအချင်းချင်း ဖွဲစည်းထားသော အဖွဲအစည်းဖြစ်တဲ့ (BRICS)အဖွဲ့ကို ဆန့်ကျင်တဲ့အဖွဲ့အဖြစ် မရပ်တည်သင့်ဘူး လို့ ပြင်သစ်သမ္မတ မာခရွန် က ပြောကြားခဲ့ပါတယ်။ 

ပြင်သစ်သည် ယခုနှစ်တွင် G7 ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပြီး  အိန္ဒိယက BRICS ရဲ့ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ပြင်သစ်နိုင်ငံ၏ G7 ဥက္ကဋ္ဌ ရာထူးအနေနဲ့ နိုင်ငံစုံဝါဒရဲ့ဗဟိုချက် ဖြစ်ရမယ်လို့ မာခရွန် က ကြာသပတေးနေ့တွင် နိုင်ငံခြားရေးမူဝါဒကို ဦးစားပေးဖော်ပြတဲ့ ပြင်သစ်သံအမတ်များအား နှစ်ပတ်လည်မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။ 

"G7 သည် တရုတ်ဆန့်ကျင်ရေးကလပ် သိုမဟုတ် BRICS ဆန့်ကျင်ရေးအသင်း မဖြစ်သင့်ပါ" လို့ မာခရွန်က  ပြောကြားပြီး "BRICS ကလည်း G7 ဆန့်ကျင်ရေးအသင်းအဖြစ် ခွင့်မပြုနိုင်ပါဘူး" လို့ ဆိုလိုက်ပါတယ်။ 

ပြင်သစ်သမ္မတသည် "ကမ္ဘာကြီးကို အစိတ်စိတ်အမွှာမွှာမဖြစ်အောင် တိုက်ဖျက်ဖို့" လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။  “BRICS ရဲ့ ဥက္ကဋ္ဌအဖြစ် အိန္ဒိယနိုင်ငံက ပေါင်းစည်းဖိုတံတားတွေ ဖန်တီးပေးနိုင်ပြီး လက်တွဲလုပ်ဆောင်ဖို မျှော်လင့်ပါတယ်… ဒီအဖွဲတွေဖြစ်တဲ့ G7 နဲ့ BRICS တို့ကို  ပေါင်းကူးခြင်းဟာ ကျနော်တို့ အတွက် အလွန်အရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတစ်ခုပါပဲ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ 

အသင်းအဖွဲ့များကို စုစည်းခြင်းသည် အရေးကြီးပြီး BRICS နှင့် လက်တွဲလုပ်ဆောင်ခြင်းသည် အရေးကြီးသောအချက်ဖြစ်ပြီး အဆိုပါအရေးကြီးသောနိုင်ငံများ၏ လူဦးရေအချိုးအစားကို အလေးထားကြောင်း မာခရွန်ကဆိုပါတယ်။  

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့် ၎င်းရဲ့ဇနီးတိုကို အမေရိကန်မှ ပြန်ပေးဆွဲခံရမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံပြန်မှုများကြားတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာ က ပြင်သစ်နိုင်ငံသို့ သွားရောက်စဉ်တွင် မာခရွန်ရဲ့ အဆိုပါ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)