ရွှေကူ ၊ ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။
အဆိုပါနှိုးဆော်မှုတွင် ရွှေကူမြို့နယ် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးတပ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိ ရွှေကူမြို့နယ်အတွင်းရှိ မဲရုံများကို ဖွင့်လှစ်သွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံးအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာမဲရုံများသို့သွားရောက်၍ လွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ပါကြောင်း အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment