ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ကံစမ်းမဲဖောက်ပေးနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ကံစမ်းမဲဖောက်ပေးနေမှုအား ကြည့်ရှုအားပေး






စစ်တွေ၊ ဇန်နဝါရီ   ၂၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းတွင် ဝင်္ကဘာကွင်း၌ စစ်တွေမြို့ တည်နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်တေးဂီတ‌ဖျော်ဖြေပွဲနှင့် ကံစမ်းမဲဖောက်ပေးနေမှုအား ကြည့်ရှုအားပေးသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဂစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နေမှုကို သွားရောက်ကြည့်ရှုရာ လုပ်ငန်းတာဝန်ခံက ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့်အထိမ်းအမှတ်တေးဂီတ‌ဖျော်ဖြေပွဲနှင့် စက်ဘီးအစီး(၂၀၀)၊ ဆန်နှင့် ငွေသားဆုများ ကံစမ်းမဲဖောက်ပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲတွင် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များ၊ ရခိုင်ဂန္ထဝင်အဆိုတော်များ၊ ရခိုင်အဆိုတော်များနှင့် ရခိုင်တေးသံရှင်များကသီဆိုဖျော်ဖြေကြပြီး ယဉ်ကျေးမှုယိမ်းအကအဖွဲ့များနှင့် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပရေးကော်မတီ ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ယိမ်းအကများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ ပွဲတော်မှာ အထူးစည်ကားလျက်ရှိသည်။

ထို့အတူ စစ်တွေမြို့တည် နှစ်(၂၀၀) ပြည့်အထိမ်းအမှတ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြခန်းနှင့် ရှေးဟောင်းအမှတ်တရနှင့် ကဗျာ၊ ကာတွန်းပြခန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနပြခန်း၊ ပန်းချီးအနုပညာပြခန်း၊ အမှတ်တရပစ္စည်းအရောင်း ပြခန်း များအား ဖွင့်လှစ်ပြသလျက်ရှိရာ လာရောက်လေ့လာကြည့်ရှုကြသူများဖြင့် အထူးစည်းကား လျက်ရှိသည်။


တင်ထွန်း၊ ဓာတ်ပုံ- ဝင်းမင်းစိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)