ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၂

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လက်ရှိအစိုးရလက်ထက်တွင် (၁၇)ကြိမ်မြောက် ကျင်းပသည့် ယနေ့အစည်းအဝေးတွင် လက်ရှိအချိန် အထိဆောင်ရွက်ရန်ရှိသည့်အမှုတွဲများ အပြီးအပြတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆုံးဖြတ်သွားရန် လိုအပ်ကြောင်း၊ အချို့သော အရေးကြီးလုပ်ငန်းရပ်များကို လှည့်လည်စာတွဲဖြင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ သဘောထားတူညီချက်ရယူပြီး အတည်ပြုခဲ့ရသည့်ကိစ္စများလည်းရှိနေရာ ယခုအစည်းအဝေးတွင် မှတ်တမ်းတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုခွင့် ခွင့်ပြုပါရန်စိစစ်၍ ထောက်ခံတင်ပြလာသည့် လုပ်ငန်းစာတွဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ အရလည်းကောင်း၊ ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်း (SOP) အရလည်းကောင်း စိစစ်ပြီး ကိုက်ညီမှန်ကန်မှုရှိပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က စိစစ်အတည်ပြုပေးသွားရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်သွားမည့် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်နှင့် အများပြည်သူ အကျိုးငှာသိမ်းယူခဲ့ရသည့် လယ်ယာမြေများအတွက် လျော်ကြေးနစ်နာကြေး တွက်ချက်တင်ပြလာသော လုပ်ငန်းကိစ္စရပ်များ၊ SOPနှင့်အညီ စိစစ်တင်ပြလာ သည့် လုပ်ငန်းကိစ္စရပ်များ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်တင်ပြလာသည့် ကိစ္စရပ်များ၊ သာသနာမြေများ၊ ဌာနဆိုင်ရာမြေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် တင်ပြလာသည့်ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ရမြေကို စိုက်ပျိုးလုပ်ကိုင်မှုတည်ငြိမ်သဖြင့် လယ်ယာမြေအဖြစ်ပြောင်းလဲခွင့် လျှောက်ထားလာသောကိစ္စရပ်များ၊ သီးနှံပြောင်းလဲစိုက်ပျိုးခွင့်ပြုပါရန် တင်ပြလာသော ကိစ္စရပ်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ-၇ ပယ်ဖျက်ပေးပါရန် တင်ပြလာသောကိစ္စရပ်များ၊ ခွင့်ပြုထားသော လယ်ယာမြေအခြားနည်း အသုံးပြုခွင့်များကိုပယ်ဖျက်ခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့၏ မြေယာအယူခံမှုများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပါးစိုက်ပျိုးလျက်ရှိသည့် ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရေးကိစ္စရပ်များကို တင်ပြရာဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးစိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။   


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)