ချမ်းမြသာစည်မြို့နယ်၌ မဲရုံပြင်ဆင်ထားမှု အခြေအနေအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လှည့်လည်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၌ မဲရုံပြင်ဆင်ထားမှု အခြေအနေအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လှည့်လည်ကြည့်ရှု



ချမ်းမြသာစည်  ၊ဇန်နဝါရီ ၂၂

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်​မြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်၊ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့နှင့်အတူ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးတို့လိုက်ပါလျက် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေအား လှည့်လည်ကြည့်ရှုခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မဲရုံတည်ရှိရာနေရာများဖြစ်သည့် သံလျက်မော်တောင်ရပ်ကွက်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ မြို့သစ်အမှတ် (၄) ရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ထွန်တုံးရပ်ကွက်နှင့် မြရည်နန္ဒာရပ်ကွက်များသို့ သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ မဲရုံတာဝန်ကျသူများနှင့် ရပ်/ကျေးစာရေးများအား မဲရုံများနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အလင်းသစ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)