ဇန်နဝါရီ - ၃၀ (သောကြာနေ့ )
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် နီပါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ထိတ်လန့်နေရန် မလိုအပ်ကြောင်း ကျန်းမာရေးဝနကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားကြောင်း မီဒီယာ အများအပြားက ရေးသားဖော်ခဲ့တဲ့ အတွက်ကြောင့် အာရှလေဆိပ်အများအပြားတွင် အထိတ်တလန့်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
ဒေသန္တရကျန်းမာရေးအာဏာပိုင်များက အဆိုပါအခြေအနေသည် ပျံ့နှံ့ကူးစက်မှုအန္တရာယ် နည်းပါးပါတယ်လို့ ဆိုပေမဲ့ အိမ်နီးချင်းနိုင်ငံများသည် ကြိုတင်ကာကွယ်မှု အစီအမံများကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
“အနောက်ဘင်္ဂလားမှာ အခြေအနေက ထိန်းထားနိုင်ပါပြီ” လို့ အိန္ဒိယဆေးဘက်ဆိုင်ရာအဖွဲ့က ဆိုပါတယ်။ “ဒီရောဂါအတွက် R သုည ဒါမှမဟုတ် မျိုးပွားမှုနံပါတ်က ၀.၄ ပါ။ ဆိုလိုတာကတော့ ဒီရောဂါပိုးရှိသူ ဆယ်ယောက်က လေးယောက်ဆီ ကူးစက်သွားပြီး နောက်တော့ နှစ်ယောက်ကူးစက်ခံရပြီးနောက် ပြီးဆုံးသွားတာပါ” လို့ ဆိုပါတယ်။
"ဒါကြောင့် ကိုဗစ်ပိုး အသစ်လို အစုလိုက်အပြုံလိုက် အထိတ်တလန့်ဖြစ်စရာ မလိုပါဘူး... ဒီလိုမျိုး ဘာမှမရှိပါဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး အနည်းငယ်ပဲ နားလည်တဲ့သူတွေက ဆိုရှယ်မီဒီယာမှတစ်ဆင့် နှိုးဆွတဲ့ စကားလုံးများဖြင့် ပြောဆိုတာကြောင့် ထိတ်လန့်မှု ပျံ့နှံ့သွားတာပါ” လို့ ဆိုပါတယ်။
နိုင်ငံတကာမီဒီယာများတွင်လည်း ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သတိပေးနှိုးဆော်မှုများ ပျံ့နှံ့လျက်ရှိပြီး ယူကေမှာ အိန္ဒိယသည် "သေစေနိုင်သောရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် အပြေးပြိုင်နေတယ်" ဆိုပြီး ရေးသားဖော်ပြနေကြပါတယ်။
ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနသည် ကာလကတ္တားမှ ရောက်ရှိလာသည့် ခရီးသည် ၁၇၀၀ ကျော်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ ကူးစက်မှု မရှိကြောင်း ဆိုပါတယ်။
နီပါဗိုင်းရက်စ် သည် လင်းနို့များ မှ အစပြုတဲ့ တိရိစ္ဆာန်ချင်းကူးစက်တဲ့ ရောဂါပိုးတစ်မျိုး ဖြစ်ပြီး လူကိုကူးစက်နိုင်ကာ သေဆုံးမှုနှုန်း မြင့်မားတဲ့ (40% မှ 75%)ရောဂါဖြစ်ပါတယ်။ လက်ရှိမှာ ၎င်းကို ကုသရန် ကာကွယ်ဆေး သို့မဟုတ် ကုသဆေးဝါး မရှိသေးပါ။ ဗိုင်းရပ်စ်သည် ပိုးရှိတဲ့ အကောင်ရဲ့ ခန္ဓာကိုယ်မှထွက်တဲ့ အရည်များ သို့မဟုတ် ညစ်ညမ်းသောအစားအစာများနှင့် တိုက်ရိုက်ထိတွေ့ရင် ကူးစက်တတ်တာကြောင့် ကူးစက်နိုင်ခြေနည်းပါးပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment