မချမ်းဘောမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မချမ်းဘောမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကွင်းဆင်းစစ်ဆေး



ပူတာအို   ၊ ဇန်နဝါရီ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့်သူများက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုအား ယမန်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးထင်လင်းကျော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ ဒေါ်ဘေလားခူရ်ဘူဆားရ်တို့က မချမ်းဘောမြို့ မြို့ပေါ်ရပ်ကွက် (၁၊ ၂၊ ၃၊ ၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့်ရပ်တပ်ဖွဲ့ဝင်များက လွတ်လပ်စွာ ကြိုတင်ဆန္ဒမဲပေးနေမှုများအားကွင်းဆင်းစစ်ဆေးသည်။

 မချမ်းဘောမြို့နယ် ရွေးကောက်ပွဲအပိုင်း (၂) တွင် ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စု၊ မဲရုံပေါင်း (၁၄) ရုံတွင် တတိယအကြိမ်အတည်ပြုပြီး မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၆၄၄၇) ဦးတို့က ဆန္ဒမဲပေးကြမည်ဖြစ်ပြီး ဇန်နဝါရီ (၇) ရက်အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း (၁၂၇) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)