နီပါးရ်ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပါးရ်ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ



နီပါးရ်ဗိုင်းရပ်စ် (Nipah virus-Niv)ကို ၁၉၉၉ ခုနှစ်ကတည်းက မလေးရှားနိုင်ငံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးမဟုတ်ပါ။

ဤရောဂါကို ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်း စတင်တွေ့ရှိခဲ့ပြီး အဆိုပါ နိုင်ငံတွင် နှစ်စဉ်နီးပါး ရောဂါဖြစ်ပွားမှုများ ရှိကြောင်းသိရပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများတွင်လည်း ရောဂါဖြစ်ပွားမှုများရှိကြောင်းသိရသည်။ သို့ရာတွင် အဆိုပါရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ အဆိုပါနိုင်ငံများ၏ နိုင်ငံတွင်း အခြားဒေသများနှင့် နိုင်ငံတကာသို့ ရောဂါပျံ့နှံ့ခဲ့ခြင်းမရှိကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်မှုများကို တွေ့ရှိရခြင်းမရှိသော်လည်း မူလလက်ခံကောင်လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများ ပေါများစွာ တည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နီပါးရ်ဗိုင်းရပ်စ် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် (၂၀၀၅) (IHR 2005) နှင့်အညီ ကူးစက်ရောဂါဖြစ်ပွားမှု ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း လုပ်ငန်းစဉ်အရ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှု အခြေအနေအား မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် မျောက်ကျောက်ရောဂါ စသည့် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့ချိန်များမှစတင် ဆောင်ရွက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များအပါအဝင် နိုင်ငံဖြတ်ကျော် ဝင်/ထွက်ပေါက်များ တွင် အဖျားရောဂါလက္ခဏာစောင်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ရပ်တန့်ခဲ့ခြင်းမရှိခဲ့ပါ။ ယခုအချိန်တွင် အဆိုပါလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် လတ်တလော ရောဂါဖြစ်ပွားရာ ဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ အထူးသဖြင့် အနောက်ဘင်္ဂလားဒေသ (West Bengal) မှ ပြန်လည် ဝင်ရောက်လာသူများမှတစ်ဆင့်နိုင်ငံတွင်းသို့ ရောဂါကူးစက် ဖြစ်ပွားမှု မရှိစေရေး ရောဂါ စောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများအား အထူးအလေးထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားရာဒေသသို့ သွားရောက်မည့် ခရီးသွားများ အတွက် ကျန်းမာရေးအသိပေးချက်များ ထုတ်ပြန်ထားရှိရန်ဆောင်ရွက်လျက်ရှိပြီး -

လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်ဒေသများ (ဥပမာ ယခုအခါ အနောက် ဘင်္ဂလား ပြည်နယ်) သို့ မလိုအပ်ဘဲခရီးမသွားရန်၊

လတ်တလော ရောဂါဖြစ်ပွားရာဒေသများသို့ ရောက်ရှိနေသူများသည် ရောဂါဖြစ်ပွားရာ ဒေသများရှိ ဆေးရုံများ သို့မဟုတ် ဖျားနာသူများပြားသည့် နေရာများသို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုရန်၊

လတ်တလောရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ပြန်လာစဉ်တွင် သံသယရောဂါများဖြစ်သည့် ပြင်းထန်စွာ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျ ကျန်းမာ ရေးဝန်ထမ်း များထံ မပျက်မကွက် သတင်းပို့ရန်၊

အကယ်၍ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး (၁၄) ရက်အတွင်း အထက်ဖော်ပြပါ သံသယ ရောဂါ လက္ခဏာများခံစားရပါက ချက်ချင်းနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လိုအပ်ပြီး ရောဂါဖြစ်ပွားရာဒေသ သို့ ခရီးသွားခဲ့သည့်ရာဇဝင်ရှိကြောင်းကို ဆရာဝန်အား သေချာစွာ ပြောပြ၍ လိုအပ် သည့် စမ်းသပ်စစ်ဆေးကုသမှုများ ကို အချိန်မီ ခံယူရန်၊

မိသားစုတွင်ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာရှိသူများကို တွေ့ရှိပါကလည်းကောင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးနေသည်ကိုတွေ့ရှိရပါကလည်းကောင်း နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားရန် စသည်တို့ကို အသိပေးထုတ် ပြန်ထားရှိရန် ဆောင်ရွက်လျက်ရှိပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)