မက်မန်း ၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ခုအပါဝင်ဖြစ်သည့် ဘိန်းခင်းများဖျက်ဆီးခြင်းကို ယနေ့နံနက်ပိုင်းက ဘိန်းခင်းဖျက်ဆီးရေး ပူးပေါင်းအဖွဲ့က ကွင်းဆင်းဖျက်ဆီးခဲ့သည်။
ထိုသို့ ကွင်းဆင်းဖျက်ဆီးခြင်းကို မက်မန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးတင်မောင်အုန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတိုးသူရအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေဝင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်နိုင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးအိုက်ထွန်းဦး၊ ရှေ့တန်းအမှတ်(၂၂၅)ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူများနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများက ဆွတ်ဝိုးကျေးရွာအုပ်စု၊ နမ့်ဟာနုကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် အမြင့် ၆ လက်မခန့်ရှိ ဘိန်းခင်း ၁ ဧကနှင့် နမ့်တော်ကျေးရွာအုပ်စု၊ ရောင်ကပ်ကျေးရွာ၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်တွင် အမြင့် ၆ လက်မ/ ၁ ပေခန့်ရှိ ဘိန်းခင်း ၁.၅ ဧက စုစုပေါင်း ၂.၅ ဧကတို့ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment