(၂၆)ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၆)ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ


ကန့်ဘလူ၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၁၀ ရက် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါစေတီတော်လိုဏ်အတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ နတ်ပေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသထံတော်မှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၏ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို အလှည့်ကျဆရာတော်များက ငါးရက်တိုင်တိုင်ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)