ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ကျန်းမာရေးဝန်ကြီးဌာနမှ လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြုများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ကျန်းမာရေးဝန်ကြီးဌာနမှ လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြုများနှင့်တွေ့ဆုံ



နေပြည်တော်၊ ဇန်နဝါရီ ၈

ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သို့ ခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် သစ်လွင်သူနာပြုများကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ရုံးချုပ် စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြုများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိနိုင်စေရန် လိုအပ်သည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်၍ ရွေးချယ်ခန့်ထားခြင်း၊ စာချုပ်စနစ်ဖြင့် ခန့်ထားခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာနသို့ သစ်လွင်သူနာပြု ၃၀ ကို ခန့်အပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို လူမှုဖူလုံရေးအဖွဲ့ပိုင် ရန်ကုန်နှင့် မန္တလေးတို့ရှိ အလုပ် သမားဆေးရုံကြီးများ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်းများ၊ ဌာနကြီးဆေးခန်းများ၊ တိုင်းရင်းဆေးကုခန်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့် စာချုပ်ဆေးခန်းများ၊ သားဖွားခန်းများနှင့် ရွေ့လျားဆေးကုသယာဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

သစ်လွင်သူနာပြုများအနေဖြင့် ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများကို လုပ်ငန်းခွင်လက်တွေ့ လေ့လာသင်ယူကြပြီး သူနာပြုကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လိုအပ်သည့် ဆေးပညာရပ်များ ဆက်လက်ဆည်းပူးလေ့လာနိုင်ရေး ဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာမခံအလုပ်သမားများအပေါ် နွေးထွေးပျူငှာစွာဖြင့် စေတနာထားကြိုးပမ်းဆောင်ရွက်သွား ကြရန်၊ ဆရာဝန်၊ သူနာပြုများမှာ လူနာများ၏ အားထားရာ မျှော်လင့်ချက်ဖြစ်သဖြင့် ကိုယ်ချင်းစာ တရားထားကာ ဆေးကုသမှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလုပ်သမားဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြုများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)