မတ္တရာ၊ စဉ့်ကူးမှ သပိတ်ကျင်းသို့ ၅-၁-၂၀၂၆ ရက်နေ့က ကျွန်တော်တို့တွေ သွားရောက်ခဲ့ကြပါတယ်။ သွားရောက် မှတ်တမ်းရယူခဲ့တဲ့ အခြေအနေများကိုလည်း ရှုထောင့်စုံကနေ တင်ပြပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ တင်ပြပုံ ဆန်းသစ်မှုကြောင့် ပြည်ဖျက်မိစ္ဆာတွေကြားမှာ ပွက်လောရိုက်နေတာကိုလည်း ရယ်ရွှင်ဖွယ်ရာ မြင်တွေ့ရပါတယ်။
အစဉ်သဖြင့် အလှူခံပြီး တိုင်းဖျက် ပြည်ဖျက် လုပ်စား နီပိန်းတွေအတွက် အလှူခံဖို့ ခေါင်းစဉ်တစ်ခု ရသွားပြန်ပါတယ်။ ကျွန်တော်တို့တွေ သွားရောက်ပြီး သတင်းမှတ်တမ်းရယူနိုင်ခြင်းဟာ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေကို နှိမ်နင်း ရှင်းလင်းဆောင်ရွက်ပေးခဲ့တဲ့ တပ်မတော်နဲ့ ဒေသခံပြည်သူတွေရဲ့ ဆောင်ရွက်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်ရှိသွားချိန်မှာ နယ်မြေဒေသ တည်ငြိမ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းတဲ့အခါမှာလည်း တာဝန်ရှိသူများက သိသာ မြင်သာအောင် ရှင်းလင်းပြောဆိုကြပါတယ်။ မတ္တရာ - စဉ့်ကူးနယ်ကို ရှင်းလင်းခဲ့ရတဲ့ အခြေအနေ၊ သပိတ်ကျင်းမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းခဲ့ရတဲ့အခြေအနေများကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်ကြားသိခွင့် ရခဲ့ပါတယ်။ တပ်မတော်သားတွေရဲ့ ရဲစွမ်းသတ္တိ၊ အရာရှိများရဲ့ ကူညီပံ့ပိုးမှုနဲ့ အောင်ပွဲဆင်ခဲ့ကြတယ်လို့ပဲ ဆိုပါတော့။
မတ္တရာ - စဉ့်ကူးနယ်ကတော့ အကြမ်းဖက်သမားများ ကင်းစင်သွားပြီဖြစ်လို့ ဒေသပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့သာ ရှိပါတော့တယ်။ သပိတ်ကျင်းနယ်ကို စိုးမိုးထားနိုင်တဲ့ တပ်ဖွဲ့တွေအနေနဲ့ကတော့ စစ်ဆင်ရေး ခရီးဆက်ဖို့ ရှိပါသေးတယ်။ ဘယ်အထိ ခရီးဆက်ရမှာလဲဆိုရင် မိုးကုတ်မြို့အထိ ရှင်းလင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်း ရှင်းလင်းဆောင်ရွက်ခဲ့ရတဲ့ အခြေအနေမှာ အဆိုးရွားဆုံး ထိတွေ့မှုဖြစ်ခဲ့တဲ့ နေရာတွေက ဇရပ်ကွင်းရွာတိုက်ပွဲ၊ ဖော့တောလမ်းဆုံတိုက်ပွဲ၊ ဝါးဖြူတောင်တိုက်ပွဲ၊ သပိတ်ကျင်းမြို့ဦးတောင်တိုက်ပွဲတွေဟာ ပြင်းထန်လွန်းခဲ့ပါတယ်။
တပ်မမှူးရဲ့ လမ်းညွှန်မှု၊ တပ်ရင်းမှူးများရဲ့ ဦးဆောင်မှု၊ တပ်မတော်သားများရဲ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့ကြခြင်း ဖြစ်ပါတယ်။ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်များက သူတို့ကို ကျည်သာ အလုံအလောက်ပေး အပြတ်ရှင်းမယ်ဆိုတဲ့ ရဲစိတ်ရဲမာန်အပြည့်ရှိတဲ့ တပ်မတော်သားတွေ ဖြစ်ပါတယ်။ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေရဲ့ စားရေးရိက္ခာအတွက်ကို တပ်မမှူးက ကိုယ်တိုင်စီစဉ်ပြီး လိုက်ပါပို့ဆောင်ပေးကာ ကြပ်မက် ဆောင်ရွက်ပေးခဲ့ပါတယ်။ တခါတရံမှာတော့ ရိက္ခာပို့ဆောင်ပေးဖို့ မလွယ်ကူတဲ့ စစ်ဆင်ရေးတွေမှာ တပ်မတော်သားတွေဟာ ခေါက်ဆွဲခြောက်ကို ရေနဲ့ မျှောချပြီး တိုက်ပွဲဝင်ခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။
သိရသလောက်တော့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းတိုက်ပွဲတွေမှာ အောင်ပွဲအလီလီရခဲ့တဲ့ အရာရှိများ၊ တပ်မတော်သားများကို နိုင်ငံတော်က ရာထူးတိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ တကယ်ကို ဂုဏ်ပြထိုက်သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
သပိတ်ကျင်းနယ်ကို ထိန်းချုပ်ထားတဲ့ တပ်မအနေနဲ့က စစ်ဆင်ရေး မပြီးသေးဘူးလို့ ဆိုရခြင်းက မိုးကုတ်အထိ ချီတက်ရှင်းလင်းရအုံးမှာ ဖြစ်လို့ပါပဲ။ ဆိုရရင် မိုးကုတ်ကိုချီတက်ဖို့ရာ ဖော့တောလမ်းဆုံမှာ အထိုင်ချထားနိုင်ပါပြီ။ ဖော့တောလမ်းဆုံမှာ အထိုင်ချနိုင်ဖို့ရာ ဆောင်ရွက်ခဲ့ရတဲ့ စစ်ဆင်ရေးဟာလည်း ခက်ခဲ ပင်ပန်းလွန်းလှပါတယ်။ ဖော့တောလမ်းဆုံဘေး တောင်ကုန်းပေါ်မှာ အခြေပြုနေတဲ့ ပြည်ဖျက်မိစ္ဆာပဒက်တွေကို ရှင်းဖို့ရာ ခြေလျင်တပ်အနေနဲ့က ထိုးစစ်ဆင်ဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် လေကြောင်းပစ်ကူ ရယူပြီး ဖိအားပေးခဲ့ရပြီး ခြေလျင်တပ်သားများက ထိုးစစ်ဆင် ရှင်းလင်းခဲ့ရတဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ တပ်မမှူးကြီးက သူ့လက်အောက်မှာ တိုက်ပွဲအလီလီကို အောင်မြင်မှုရအောင် စွမ်းဆောင်ခဲ့တဲ့ ရင်းမှူးတွေရဲ့ ဆောင်ရွက်ချက်တွေကို အားရကျေနပ် ပိတိဖြစ်ပြီး ချီးကျူးစကားတွေ ဆိုပါတယ်။
သပိတ်ကျင်းမှ ပြည်ဖျက်မိစ္ဆာများကို ရှင်းထုတ်ပြီး ဖြစ်တဲ့အတွက် ခွေးပြေး ပြေးတဲ့ ပြည်ဖျက်မိစ္ဆာတွေဟာ မိုးကုတ်ဘက်က ကျေးရွာတွေမှာ ပြန်လည်အခြေပြုနေမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ ပဒက်တွေ မိုးကုတ်ဘက်မှာ အခြေပြုနေထိုင်သော်ငြားလည်း သူတို့ဆီကို ရိက္ခာ၊ ခဲယမ်းထပ်မံဝင်ရောက်ဖို့ရာတော့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဖော့တောလမ်းဆုံမှာ တပ်မတော်က အထိုင်ချထားပြီဖြစ်တဲ့အတွက် ခိုးလမ်းတွေကလောက်သာ ပဒက်တွေအတွက် ရိက္ခာ၊ ခဲယမ်း ဝင်နိုင်စရာ အကြောင်းရှိပါတယ်။ ပဒက်တွေအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်ခဲ့တာက မန္တလေး - မိုးကုတ်လမ်းပေါ်မှာ ရှိတဲ့ ဇရပ်ကွင်းရွာတံတားကို သူတို့ကိုယ်တိုင်ပဲ မိုင်းခွဲ ဖျက်ဆီးသွားခဲ့တာပါ။
အခုတော့ တပ်မတော်သားတွေအနေနဲ့ လမ်းပိုင်းကို ထိန်းချုပ်ပြီး စစ်ဆင်ရေးကို ခေတ္တနားနေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဇရပ်ကွင်းတံတားကို ပြန်လည်ပြုပြင်ပြီး ရိက္ခာနဲ့ ကျည် လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ပြီဆိုတာနဲ့ ဖော့တောလမ်းဆုံမှ မိုင် ၅၀ ခန့်သာ ဝေးကွာတော့တဲ့ မိုးကုတ်သို့ ဆက်လက်ချီတက် ရှင်းလင်းပြီး ဒေသခံ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးကို ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဇရပ်ကွင်းတံတားကို အမြန်ဆုံး တည်ဆောက်ပေးနိုင်မည်ဆိုပါက သပိတ်ကျင်းမြို့ ပြန်လည်ထူထောင်ရေးနဲ့ မိုးကုတ်မြို့နယ်အတွင်း အခြေပြုနေထိုင်လျက်ရှိတဲ့ ပြည်ဖျက်မိစ္ဆာ ပဒက်စခန်းများကို ရှင်းလင်းဖယ်ရှားဖို့ရာ လက်တစ်ကမ်းအလိုမှာပဲ ရှိပါတော့တယ်။
နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေဟာ ဒေသခံ ပြည်သူလူထုရဲ့ နေထိုင်မှုဘဝ အခက်အခဲဖြစ်အောင် လုပ်ခဲ့ကြတယ်။ အများပြည်သူအသုံးပြုနေတဲ့ လမ်းတံတားတွေကို ဖျက်ဆီးခြင်းအကျိုးဟာ ဘဝမကူးဘဲ တူသောအကျိုးပေးနဲ့ ရင်ဆိုင်နေကြရပါပြီ။ ပဒက်တွေ အငတ်ဘေးစိုက်နေပြီ။ လက်ရှိအချိန်မှာလည်း အကြမ်းဖက်အဖွဲ့ထဲက ထွက်ပြေးလာပြီး တပ်မတော်ထံမှာ ဥပဒေဘောင်အတွင် ဝင်ရောက်နေကြတာ ရှိသလို အငတ်ဘေးကြုံလာသည်နှင့်အမျှ ပဒက်တွေ တပ်ပျက်တော့မှာ ဖြစ်ပါတယ်။
တပ်မတော်သားများရဲ့ ထိုးစစ်ကို မခံနိုင်တော့တဲ့ ပဒက်တွေဟာ သူတို့ခိုအောင်းလှုပ်ရှားရာ နေရာတွေမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို ဆဲဆိုရေးသားခဲ့တာတွေ တွေ့ရသလို စိတ်ဓာတ်ကျနေပြီဖြစ်ကြောင်း ဖွင့်ဟရေးသားထားတွေကိုလည်း စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော်သားများထံက သိရှိခဲ့ရပါတယ်။ လက်တလော ပြည်ဖျက်မီဒီယာတွေမှာ တပ်ပေါင်းစုဖွဲ့ဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ရေးသားနေတာတွေဟာလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ ၅ယောက်တစ်ဖွဲ့၊ ၁၀ယောက်တစ်ဖွဲ့ မှိုလိုပေါက်နေတဲ့ ပဒက်တွေဟာ ထိတွေ့တိုက်ပွဲတွေမှာ တချို့က ခံတိုက်မယ်၊ တချို့က ပြေးမယ်၊ တစ်ဖွဲ့တစ်မျိုး ပြိုကွဲစပြုလာနေတာကြောင့် တပ်ပေါင်းစုဖွဲ့ဖို့ အသံကုန်ဟစ်နေကြတာ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ နီပိန်းပဒက် ပြည်ဖျက်မိစ္ဆာတွေသည် MNDAA, TNLA, AA တို့ကို ဆရာတင်ပြီး အသုံးချခံ အသေခံများအဖြစ်နဲ့ တိုက်ပွဲဝင်ခဲ့ကြရာမှာ ဒီအဖွဲ့တွေက သူတို့ကို ကူညီပံ့ပိုးမှုမရှိတော့တဲ့အခါ လုံးပါးပါးပြီး လမ်းပျောက်တဲ့ အခြေအနေမျိုးဖြစ်လာပါပြီ။ TNLA အကြမ်းအဖွဲ့သည် မိုးကုတ်မှ ဆုတ်ခွါသွားပြီဖြစ်တဲ့အတွက် ကျည်လွတ်မြေကနေ အာချောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ ငမိုက်သား ပဒက်များသာ ကျန်တော့တာ ဖြစ်သည့်အတွက် တပ်မတော်သားများအနေနဲ့ မိုးကုတ်မြို့နယ်အတွင်း စစ်ဆင်ရေးဆင်နွှဲမယ်ဆိုရင်လည်း အောင်ပွဲဆင်ဖို့ အသေအချာပါပဲ။ တပ်မတော်က ပြည်ဖျက်မိစ္ဆာများကို ရှင်းလင်းဆောင်ရွက်ပေးမှသာ ဒေသခံပြည်သူများအနေနဲ့ ခေါင်းပြားအောင် အိပ်နိုင်မှာ ဖြစ်ပြီး မိမိတို့ရဲ့ လုပ်ငန်းများကိုလည်း ပုံမှန်လုပ်ကိုင် လည်ပတ်နိုင်မှာ ဖြစ်တဲ့အတွက် တပ်မတော်သားများ၏ စစ်ဆင်ရေး မနှေး အမြန် အောင်မြင်ဖို့ရာ ဒေသခံပြည်သူများအနေနဲ့ ပြည်ဖျက်မိစ္ဆာများ ခိုအောင်းနေထိုင်သည့် နေရာများကို မှန်ကန်တိကျစွာ သတင်းပေးခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်သလို လမ်းပိုင်းဆိုင်ရာ ပြုပြင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအနေဖြင့်လည်း အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံ တင်ပြလိုက်ရပါတယ်။
တပ်မတော်ရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမား ပြည်ဖျက်မိစ္ဆာများ စိုးမိုးထားတဲ့ နေရာများမှာ ပြည်သူများဟာ ကျီးလန့်စာစား ခေါင်းပြားအောင် မအိပ်ရသည့်အပြင် အကြမ်းဖက်သမားများရဲ့ ဖိနှိပ်စော်ကား ဂုပ်သွေးစုပ် အမြတ်ထုတ်ခြင်းကိုပါ ခံနေရကြရတာကို တပ်မတော်သားများကသာ ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)

No comments:
Post a Comment