ဇန်နဝါရီ - ၈ ( ကြာသပတေးနေ့ )
ရုရှားအလံတင်သင်္ဘော မာရီနီးယား ဖမ်းဆီးပြီးသိမ်းနိုင်ဖို့အတွက် ယူကေက အမေရိကန် စစ်တပ်အား ပံ့ပိုးကူညီမှု ပေးခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲ့ဒိရေနံတင်သင်္ဘောကို စကော့တလန် အနောက်မြောက်ဘက်ရှိ နိုင်ငံတကာရေပိုင်နက်တွင် မနေ့က တားဆီးပြီး ဖမ်းဆီးလိုက်တာပါ။ ယခင်က ဘယ်လာ - ၁ လို့ လူသိများသော အဆိုပါသင်္ဘောကို "အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုများအား ချိုးဖောက်ခဲ့တယ်"လို့ ပင်တဂွန်စစ်ဌာနချုပ်က အခိုင်အမာဆိုထားပါတယ်။
ဝါရှင်တန်ရဲ့တောင်းဆိုချက်အရ ယူကေသည် စစ်ဆင်ရေးအတွင်း အမေရိကန်ကို ကူညီခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ရုရှားဘက်ကို သွားနေတဲ့ ဘယ်လာ - ၁ အား အမေရိကန်က ကြားဖြတ်ဖမ်းယူနိုင်ဖို့အတွက် ဗြိတိန်စစ်တပ်တွေရဲ့ ကျွမ်းကျင်မှုကို ပြသခဲ့ပါတယ်။ အဲ့လိုလုပ်ဆောင်ချက်က ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်တဲ့ လုပ်ငန်းများကို နှိမ်နင်းရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်” လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
အဖမ်းခံလိုက်ရတဲ့ ရေနံတင်သင်္ဘောသည် “သမိုင်းကြောင်းမကောင်းတဲ့ လုပ်ရပ်တွေ” ရှိပြီး “ရုရှား-အီရန် ပိတ်ဆို့အရေးယူမှု ကို ရှောင်လွှဲဖို့အတွက် ကြားခံ အသုံးပြုနေတဲ့ တစ်စိတ်တစ်ပိုင်း” အဖြစ် လုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်က စွပ်စွဲခဲ့ပါတယ်။ တစ်ချိန်တည်းတွင်ပင် အဆိုပါရေနံတင်သင်္ဘောကို သိမ်းဆည်းရမိမှုသည် ဗင်နီဇွဲလားရေနံအား ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်မှု ရှိနေတယ် လို့ အမေရိကန်ဘက်က ကြေညာထားပါတယ်။
မော်စကိုအစိုးရကတော့ အဲ့ဒိသင်္ဘောက ဖမ်းဆီးခံထားရတယ် ဆိုတာ သိပါတယ်လို့ ဆိုထားပါတယ်။ မာရီနီယား က ဒီဇင်ဘာ ၂၄ ရက်ကတည်းက ရုရှားအလံလွှင့်တင်ခွင့်ရထားကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။ နိုင်ငံတကာ ရေပိုင်နက်အတွင်း လွတ်လပ်စွာ သွားလာခွင့် အာမခံထားတဲ့ ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေ သဘောတူညီချက်ကို အမေရိကန် က ချိုးဖောက်တယ်လို့လည်း ပြောပါတယ်။
မာရီယားနား ကို သိမ်းပိုက်ပြီး မကြာခင်မှာပဲ အမေရိကန်က ကာရေဘီယံပင်လယ်ထဲမှာ နောက်ထပ် ရေနံတင် သင်္ဘောဖြစ်တဲ့ 'ဆိုဖီယာ' ကို ဖမ်းထားတယ် လို့ ပြောပါတယ်။ အမေရိကန်စစ်တပ်ကတော့ အဆိုပါသင်္ဘောအား "နိုင်ငံမဲ့၊ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အမှောင် သင်္ဘောတစ်စီး" ဖြစ်တယ်လို့ ပြောပြီး အမေရိကားကို ခုတ်မောင်းသွားပါပြီ။ မာရီနီယား သင်္ဘောသားတွေကတော့ သူတို့သင်္ဘောကို အမေရိကားဆီကို ခုတ်မောင်းဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment