အင်္ဂပူ ၊ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဦးစွာမြန်အောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ မဲရုံများတွင်လိုအပ်သည်များကို ကြိုတင်စီမံ ဆောင်ရွက်ထားနိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိသည့်အစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြန်အောင်ခရိုင်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်က ဆရာ၊ ဆရာမများအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တက်ရောက်လာသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများမှ လိုအပ်သည်များကိုတင်ပြရာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်ကပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမဲရုံများတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရမည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မဲရုံမှူးနှင့် ဒုနဲရုံမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment