ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြု စက်ဘီးစီးပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြု စက်ဘီးစီးပြိုင်ပွဲ ကျင်းပ




‎ရွှေဘို  ၊ ဇန်နဝါရီ ၃


‎စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို‌သောအားဖြင့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် (၆) နာရီအချိန်က  ကျင်းပခဲ့သည်။

‎အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၅၉)ဦးရှိပြီး ပြိုင်ပွဲကို  ရွှေဘိုမြစ်ကြီးနားလမ်းခွဲမှ စတင်တာထွက်ကာ၊ ရွှေဘိုကိုးပင်ဆည်မှ ရန်ကြီးအောင်ပန်းခြံရှေ့သို့ ပြန်လည်ပန်းဝင်ခဲ့သည်။ Racing Bike ပြိုင်ပွဲနှင့် Mountain Bike ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့သူများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


‎https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)