တံတားဦးမြို့နယ်၌ MEVM စက်များအား MEVM နည်းပညာအထောက်ကူပြုအဖွဲ့များမှ Software ထည့်သွင်းခြင်း၊ စမ်းသပ်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်၌ MEVM စက်များအား MEVM နည်းပညာအထောက်ကူပြုအဖွဲ့များမှ Software ထည့်သွင်းခြင်း၊ စမ်းသပ်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများ ဆောင်ရွက်

 


တံတားဦး   ၊ ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ MEVM စက်များအား MEVM နည်းပညာအထောက်ကူပြုအဖွဲ့များမှ Software ထည့်သွင်းခြင်း၊ စမ်းသပ်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ဒုတိယအကြိမ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကူညီဆောင်ရွက်ကျမည့် ဆရာ၊ ဆရာမများအား အဖွဲ့ခွဲ၍ MEVM စက်များအား Software ထည့်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အမည်များ ပြောင်းလဲတပ်ဆင်ခြင်း၊ မဲပေးစက် ကိုင်တွယ်သူများအား သင်တန်းပို့ချခြင်း၊ ခလုပ်တစ်ခုခြင်းစီအား စမ်းသပ်ခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်မည့် ဆရာ၊ ဆရာမများအား နည်းပညာအထောက်အကူပြုအဖွဲ့များမှ အနီးကပ်သင်ကြားပေးကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် ဦးသန်းအောင်ကျော်သည် ယနေ့မွန်းလွဲ ၃ နာရီအချိန်တွင် တံတားဦးမြို့နယ် ခန်းမတွင် MEVM စက်များအား Software ထည့်သွင်းခြင်းလုပ်ငန်းများ လေ့လာနေကြသည့် ဆရာ၊ ဆရာမများအား အားပေးစကားပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှုပြုပေးကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်နှင့် တာဝန်ရှိသူများ၊ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများသည် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မဲရုံအမှတ်(၁) မြို့မအခြေခံပညာအလယ်တန်းကျောင်းရှိ မဲရုံသို့လည်ကောင်း၊ အမှတ်(၁)ရပ်ကွက်ရှိ အားကစားခန်းမတွင် မဲရုံအမှတ်(၂)နှင့် မဲရုံအမှတ်(၄)တို့တွင် ခင်းကျင်းဆောင်ရွက်ထားသည့် မဲရုံများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။

ရဲတင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)