မုဒုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ



မုဒုံ  ၊ ဇန်နဝါရီ ၃


မွန်ပြည်နယ် မုဒုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ‌ယနေ့နံနက် ၉ နာရီက အ.ထ.က(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့်   ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။အခမ်းအနားကို အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” အဖွင့်သီချင်းဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားအား သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဒေါ်မို့မို့သိန်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကိစ္စရပ်များအား  ရှင်းလင်းတင်ပြသည်။


ယင်းနောက် Clean and Green ဆုရကျောင်းများ၊ နိုင်ငံတော်အဆင့် ထူးချွန်ဆုရ  ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် စာပေ၊ ဉာဏ၊ ကာယ၊ အနုပညာ ကဏ္ဍအလိုက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ‌လေးများ‌‌က အကအလှ ပဒေသာ၊ တေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြဖျော်ဖြေခြင်းနှင့် “ဘက်စုံပညာကိုရည်တို့လှမ်းချီ” တေသီးချင်သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့၍ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရာမည

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)