ဗြိတိန် နဲ့ တရုတ် ကြား ဆက်ဆံရေးကို ပြန်လည်စတင်ဖို့ လုပ်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗြိတိန် နဲ့ တရုတ် ကြား ဆက်ဆံရေးကို ပြန်လည်စတင်ဖို့ လုပ်နေပြီ




ဇန်နဝါရီ - ၃၁ ( စနေနေ့ ) 

တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ သည် တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့  ဇန်နဝါရီလ ၂၉ရက်နေ့က ဘေဂျင်းတွင် တွေ့ဆုံပြီး ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးခရီးစဉ်များ တိုးတက်မှု နှင့် အနှောက်အယှက်ဖြစ်နေတဲ့ တရားမဝင်ရွှေ့ပြောင်းများအရေးကို ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံကြား ဆက်ဆံရေးက လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ 

ရှစ်နှစ်အတွင်း ပထမဆုံး တရုတ်နိုင်ငံကို အလည်အပတ်ရောက်လာတဲ့ ဗြိတိန်ခေါင်းဆောင် ကီယာစတာမာကို ပြည်သူ့ခန်းမဆောင်ကြီးတွင် ရှီ က မိနစ် ၈၀ ကြာ တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားရာတွင် စတာမာ က ခိုင်မာသောတိုးတက်မှုကို ကိုယ်စားပြုသည့် "အလွန်ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းသော အစည်းအဝေးတစ်ခု" ဖြစ်တယ်လို့ ဆိုပါတယ်။ 

"ဒါဟာ တရုတ်နိုင်ငံမှာ ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေတာကြောင့် ဆက်ဆံရေးကို တကယ့်ကို ခိုင်မာစေခဲ့ပြီး ဒါဟာ အမျိုးသား အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါတယ်။ ဆွေးနွေးမှု တော်တော်များများက အဲဒီ အခွင့်အလမ်းတွေ ကို ဘယ်လိုဖွင့်ပေးမလဲဆိုတဲ့ အကြောင်းပါပဲ၊ ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပဲ၊ ဒါက ဗြိတိန်ကို တရုတ်နဲ့ ဘယ်လို ပြန်ချိတ်ဆက်မယ်၊ ဗြိတိန်နိုင်ငံသားတွေကို ဘယ်လို အကျိုးသက်ရောက်မှုရှိမယ် ဆိုတာကို ဆွေးနွေးခဲ့ပါတယ်” လို့ ဆိုပါတယ်။ 

စကော့တလန်ဝီစကီအခွန်အခများ၊ ဗြိတိန်နိုင်ငံသားများအတွက် တရုတ်နိုင်ငံသို့ ဗီဇာကင်းလွတ်ခရီးသွားလာမှုနှင့် ဗြိတိန်မှတရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ နယ်စပ်လုံခြုံရေးသဘောတူညီချက်၊ ဓာတုဆေးဝါးထုတ်လုပ်သည့် တရုတ်ဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး လူမှောင်ခိုသမားများအသုံးပြုသည့် တရုတ်လုပ်အင်ဂျင်များ စီးဆင်းမှုကို ဖြတ်တောက်ခဲ့ကြောင်း စတာမာက ပြောကြားခဲ့ပါတယ်။ 

ရှီနှင့် စတာမာ၏ တွေ့ဆုံမှုသည် ဆွေးနွေးပွဲအတွက် စီစဉ်ထားသည့် အချိန်ထက် နှစ်ဆကျော် ကြာမြင့်ခဲ့ပါတယ်။ နောက်ပိုင်းတွင် ဒေါင်းနင်းလမ်းသည် ဗြိတိန်နိုင်ငံသားများအား ခရီးသွားလုပ်ငန်း သို့မဟုတ် စီးပွားရေး ရည်ရွယ်ချက်များအတွက် ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀အထိ တရုတ်ကို လာရောက်လည်ပတ် ခွင့်ပြုမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ 


REF: UPI

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)