ဇန်နဝါရီ - ၃၁ ( စနေနေ့ )
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ထိပ်တန်းအတွင်းရေးမှူး အလီလာရီဂျာနီ အား သောကြာနေ့က ကရင်မလင်နန်တော်မှာ အစီအစဉ်မရှိဘဲ တွေ့ဆုံကာ အဆင့်မြင့် အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်။
အီရန်ခေါင်းဆောင် အလီခါမေနီ ရဲ့ အကြီးတန်းအကြံပေး လာရီဂျာနီ ကို ပြီးခဲ့တဲ့ သြဂုတ်လက ရာထူး ခန့်အပ်ခဲ့ပါတယ်။ အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအပြီး နွေရာသီတုန်းကလည်း ၎င်းက မော်စကိုသို့ သွားရောက်ခဲ့ပါတယ်။
“ရုရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ အလီ လာရီဂျာနီကို နိုင်ငံတော် အကြီးအကဲက ကရင်မလင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်” လို့ ကရင်မလင်နန်းတော်က ဆွေးနွေးပွဲအသေးစိတ်ကို မဖော်ပြဘဲ အတိုချုံးပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ကာဇန်ဂျလာလီ က အစည်းအဝေးသည် “နှစ်နိုင်ငံဆက်ဆံရေး” ကို အဓိကထားပြီး “အရေးကြီးသော ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအတွက် ဆွေးနွေးတိုင်ပင်မှုများ” လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလနှောင်းပိုင်းကတည်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို အီရန်အစိုးရက ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဝါရှင်တန်က လာရီဂျာနီကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် ရုရှားကို လာရောက်လည်ပတ်ခြင်း ဖြစ်ပါတယ်။ ပူတင်က ယခုလအစောပိုင်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး မာဆော့ ပီဇီရှကီယန် နဲ့ ဖုန်းခေါ်ဆိုခဲ့ပြီး မငြိမ်မသက်မှုများကို ဆွေးနွေးကာ ခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်အတည်ပြုခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment