တုံတာ ၊ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာ လာရောက်မဲပေးနေကြကြောင်း သိရသည်။ တုံတာမြို့အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မဲရုံကြီးကြပ်ရေးသူများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများရှေ့မှောက်တွင် MEVM စက်မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများဆောင်ရွက်ပြီးသည့်နောက် နံနက် ၆ နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီးမဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် မိမိတို့ကြိုက်နှစ် သက်ရာပါတီများကို လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူပေါင်းမှာ တုံတာမြို့အတွင်းစာရင်းရှိ ကျေရွာအုပ်စု (၇)အုပ်စု၊ ရပ်ကွက်(၄) ရပ်ကွက် စုစုပေါင်း (၁၁)အုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း (၈၁၇၁)ဦးရှိပြီး မဲရုံ (၁၆)ရုံအား MEVMမဲ ပေးစက် (၁၄၆)လုံးဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြတ်မွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment