မတ္တရာမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်မဲပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်မဲပေးလျက်ရှိ

Uploading: 2412825 of 2412825 bytes uploaded.


မတ္တရာ  ၊ ဇန်နဝါရီ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက်(၆) နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြသည်။

ထိုသို့မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများက လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်များဖြင့် လွှတ်တော်အလိုက် မိမိကြိုက်နှစ်သက်ရာပါတီနှင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုရွေးချယ်မဲပေးကြသည်။ မတ္တရာမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၅)အုပ်စုတွင် မဲရုံ(၃၁)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၄၈၀၀၀) ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)