
မတ္တရာ ၊ ဇန်နဝါရီ ၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက်(၆) နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြသည်။
ထိုသို့မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများက လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်များဖြင့် လွှတ်တော်အလိုက် မိမိကြိုက်နှစ်သက်ရာပါတီနှင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုရွေးချယ်မဲပေးကြသည်။ မတ္တရာမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၅)အုပ်စုတွင် မဲရုံ(၃၁)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၄၈၀၀၀) ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment